စစ်ကိုင်းတိုင်းအတွင်းရှိ လမ်းပိုင်းတချို့ကို လုံးဝအသုံးမပြုကြဖို့ Knight Commanders က ထုတ်ပြန်လိုက်ပါတယ်။
ဒီနေ့မနက်ပိုင်းမှာ Knight Commanders က အရေးပေါ်သတိပေးချက်ဆိုပြီးထုတ်ပြန်လိုက်တာပါ။
မုံရွာ – မြင်းမူ – မန္တလေး လမ်းပိုင်း၊ထီးဆောင်း-အရာတော်လမ်းနဲ့ မြင်းမူမြို့နယ်အတွင်းရှိလမ်းပိုင်းတွေ၊ မြို့နယ်ချင်းဆက် လမ်းပိုင်းတွေကိုအ ခုချိန်ကစတင်ပြီးလုံးဝအသုံးမပြုကြဖို့ နဲ့ သတိပေးချက်ကို ပြည်သူတွေလိုက်နာပေးခြင်းနဲ့ ကူညီပေးစေလို ကြောင်းလည်းမေတ္တာရပ်ခံပါတယ်။
စစ်ကိုင်းမြို့၊နီလာရပ်ကွက်နေပြည်သူတစ်ဦးက စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတွေကို နေ့စဉ်မီးရှို့ဖျက်ဆီး နေတဲ့ အကြမ်းဖက်တပ်ကို တန်ပြန်တွန်းလှန်နိုင်ရေးအတွက် အခုလို ထုတ်ပြန်ခြင်းဖြစ်နိုင်တယ်လို့ဆိုပါတယ်။
‘ပြည်သူတွေ အနေနဲ့ ပြောတဲ့အတိုင်းလိုက်နာပေးမှ စစ်ဆင်ရေးတွေ အောင်မြင်ပါမယ်။မဖြစ်မနေအရေးပေါ်သွားမှဖြစ်မယ်ဆိုရင်လည်း တော်လှန်ရေးအင်အားစုတွေဆီ အကြောင်း ကြားပြီးသွား၊စစ်တပ်ကားတွေနား ကပ်မလိုက်နဲ့ပေါ့’လို့ သူကပြောပါတယ်။