ထန်းတပင်မြို့နယ် ဇရပ်ကြီးစခန်းမှူး အပစ်ခံရ

ပဲခူးတိုင်း တောင်ငူခရိုင် ထန်းတပင်မြို့နယ် ဇရပ်ကြီးကျေးရွာ ရဲကင်းမှာ တာဝန်ကျနေတဲ့ စခန်းမှူး ရဲအုပ်မျိုးဝင်းထွန်း(ခ) ဗိုလ်ပိန်ကို အမည်မသိသေနတ်သမားက ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မေလ ၅ရက်နေ့ မနက် ၁၀နာရီလောက်က ကျေးရွာအတွင်း လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်နေတဲ့ ရဲအုပ်မျိုးဝင်းထွန်းကို အမည်မသိသေနတ်သမားက လာရောက်ပစ်ခတ်ခဲ့တာပဲဖြစ်ပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်အပြီးမှာ အကြမ်းဖက်စစ်အုပ်စုက ကျေးရွာအတွင်း သေနတ်ပစ်ဖောက် ရှာဖွေစစ်ဆေးနေတာကြောင့် လူငယ်အချို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြား သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။