 PHOTO-Salingyi People’s Force
PHOTO-Salingyi People’s Force
 
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းရှိ တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ပြန်လည်ပတ်ခွင့်ပြုမှာမဟုတ်ဘူးလို့ Salingyi People’s Force (S.P.F) နဲ့ ဒေသခံ မဟာမိတ်အဖွဲ့တွေက ဒီကနေ့ ထုတ်ပြန်ပါတယ်။
 
တားမြစ်ထားတဲ့ကြားက လုပ်ငန်းခွင်ဝင်ကြလို့ ဝန်ထမ်းတွေ ထိခိုက်လာရင် တာဝန်ယူမှာ မဟုတ်ကြောင်း Salingyi People’s Force ဦးဆောင်သူ ဗိုလ်ထွဋ်ခေါင် ဆိုပါတယ်။
 
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးရှိစျေးဆိုင်၊ စတိုးဆိုင်၊ ဘီယာဆိုင်၊ လေထိုးကျွတ်ဖာဆိုင် စတဲ့ဆိုင်တွေနဲ့ CDM မလုပ်တဲ့ ဝန်းထမ်းတွေအနေနဲ့မေ ၅ ရက်နေ့ နောက်ဆုံးထား ရပ်ဆိုင်းဖို့ အထူးမေတ္တာရပ်ခံကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
 
ကြေးနီစီမံကိန်းဟာ အနီးဝန်းကျင်ရှိ ကျေးရွာ ၂၆ ရွာက မြေယာတွေကို သိမ်းဆည်းပြီး နှစ် ၆၀ စီမံကိန်းနဲ့ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ စီမံကိန်း ဖြစ်ပါတယ်။