ဟိုင်းကြီးကျွန်းမြို့ ငါးပြေမကျေးရွာက စစ်အုပ်စုခန့် အုပ်ကြီး ရှင်းလင်းခံရ April 20, 2022 ဒေသအလိုက် သတင်းကဏ္ဍ ဓာတ်ပုံ-CJ ဧရာဝတီတိုင်း ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ ငါးပြေမကျေးရွာမှာနေထိုင်တဲ့ အုပ်ချုပ်ရေးမှူး ကိုဇော်ထွန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ မနေ့က ဧပြီလ ၁၉ ရက်နေ့ ည ၈ နာရီခွဲလောက်မှာ ညီနောင်မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ Beach Defence Force (BDF)၊ Pathein Western Defence Force (PWDF)၊ West Coast Defense Force (WCDF) နှင့် SinYine Guerilla Force (SGF) တို့က ပူးပေါင်းရှင်းလင်းခဲ့တာပဲဖြစ်ပါတယ်။ “အိမ်ထဲမှာတင် သေနတ်နဲ့ ၈ ချက်တိတိ ဝင်ပစ်သွားတာလို့ ကြားတယ်၊ ရွာကတော့ လူကုန်ပျော်နေကြတာပေါ့ ဒီလူက တော်တော်ကိုဆိုးတာလေ PDF တွေက အရင်ထဲက သတိပေးတယ် အဲ့ဒါတောင် ရွာကိုဆက်ပြီးတော့ ဒုက္ခပေးနေတာ၊ အခုတော့ ရွာထဲမှာ တပ်က ကင်းပုန်းတွေချထားတယ် အဝင်အထွက်တွေ အကုန်ပိတ်ထားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ရှင်းလင်းခံရတဲ့ ကိုဇော်ထွန်းဟာ စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို မတရားဖမ်းဆီး ငွေညှစ်တာ၊ ကျေးရွာအတွင်းမှာ လောင်းကစားဝိုင်းတွေကို လုပ်ဆောင်စေပြီး ငွေကြေးတောင်းခံတာတွေကို လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ငပုတောမြို့နယ်ဧရာဝတီတိုင်း
ဒေသအလိုက် သတင်းကဏ္ဍ ဖျာပုံက ဒလန်နှစ်ဦးကို PDFက ကျည်ဆံနဲ့သတိပေးစာပေးပို့ August 29, 2021 ဒေသအလိုက် သတင်းကဏ္ဍ, နိုင်ငံရေး ၂၉၊ ဩဂုတ်လ၊ ၂၀၂၁။ ဖျာပုံမြို့က စစ်တပ်သတင်းပေး ဒလန်နှစ်ဦးကို ဖျာပုံ PDF လူငယ်အဖွဲ့က စာတစ်စောင် ကျည်ခြောက်တောင့်နဲ့ လက်ပစ်ဗုံးတစ်လုံးပါဝင်တဲ့ သတိပေးစာကို သူတို့ရဲ့ Facebook စာမျက်နှာတွေကတဆင့် ပေးပို့ခဲ့ပါတယ်။ ချောင်းဝကျေးရွာက ဦးဌေးလွင်ဆိုသူနဲ့ တမံကျေးရွာက [ဆက်လက်ဖတ်ရှုရန်]
ဒေသအလိုက် သတင်းကဏ္ဍ ဟင်္သာတမှာ ဗုံးပေါက်ပြီး ယဉ်ထိန်းရဲ သုံးယောက် အပြင်းအထန်ဒဏ်ရာရ October 13, 2022 ဒေသအလိုက် သတင်းကဏ္ဍ ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့ ကျောက်တော်ကြီးကုန်းဆင်း ဟင်္သာရုပ်အဝိုင်းက ဆိုင်ကယ်တွေ စစ်ဆေးတဲ့နေရာမှာ ဒီနေ့ ညနေ ၄ လောက်က ဗုန်းပေါက်ကွဲခဲ့ပြီး သုံးယောက်ထိပြီး ဒဏ်ရာပြင်းထန်တဲ့အတွက် ဟင်္သာတခရိုင် ဆေးရုံးကြီးကို ပို့ထားရတယ်လို့ သိရပါတယ်။ “အရပ်သတင်းကတော့ ပြောနေကြတာ [ဆက်လက်ဖတ်ရှုရန်]
ဒေသအလိုက် သတင်းကဏ္ဍ ကြံခင်းမြို့နယ်ထဲ မှာ ထိတွေ့တိုက်ပွဲဖြစ် July 1, 2022 ဒေသအလိုက် သတင်းကဏ္ဍ ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်ထဲက မျှင်ဝါးတောင်ဒေသ ပိုးစုကြီး၊ စပါးအုံး စတဲ့ရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကြောင်းနဲ့ ဒေသခံအင်အားစုတွေအကြား မနေ့က ညပိုင်းက ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တဦးက DNA ကိုပြောပါတယ်။ “ ရိုးမဧရာစစ်ကြောင်းနဲ့ ထိတွေ့မှုဖြစ်တာ ၊ညက [ဆက်လက်ဖတ်ရှုရန်]