ဟိုင်းကြီးကျွန်းမြို့ ငါးပြေမကျေးရွာက စစ်အုပ်စုခန့် အုပ်ကြီး ရှင်းလင်းခံရ April 20, 2022 ဒေသအလိုက် သတင်းကဏ္ဍ ဓာတ်ပုံ-CJ ဧရာဝတီတိုင်း ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ ငါးပြေမကျေးရွာမှာနေထိုင်တဲ့ အုပ်ချုပ်ရေးမှူး ကိုဇော်ထွန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ မနေ့က ဧပြီလ ၁၉ ရက်နေ့ ည ၈ နာရီခွဲလောက်မှာ ညီနောင်မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ Beach Defence Force (BDF)၊ Pathein Western Defence Force (PWDF)၊ West Coast Defense Force (WCDF) နှင့် SinYine Guerilla Force (SGF) တို့က ပူးပေါင်းရှင်းလင်းခဲ့တာပဲဖြစ်ပါတယ်။ “အိမ်ထဲမှာတင် သေနတ်နဲ့ ၈ ချက်တိတိ ဝင်ပစ်သွားတာလို့ ကြားတယ်၊ ရွာကတော့ လူကုန်ပျော်နေကြတာပေါ့ ဒီလူက တော်တော်ကိုဆိုးတာလေ PDF တွေက အရင်ထဲက သတိပေးတယ် အဲ့ဒါတောင် ရွာကိုဆက်ပြီးတော့ ဒုက္ခပေးနေတာ၊ အခုတော့ ရွာထဲမှာ တပ်က ကင်းပုန်းတွေချထားတယ် အဝင်အထွက်တွေ အကုန်ပိတ်ထားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ရှင်းလင်းခံရတဲ့ ကိုဇော်ထွန်းဟာ စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို မတရားဖမ်းဆီး ငွေညှစ်တာ၊ ကျေးရွာအတွင်းမှာ လောင်းကစားဝိုင်းတွေကို လုပ်ဆောင်စေပြီး ငွေကြေးတောင်းခံတာတွေကို လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ငပုတောမြို့နယ်ဧရာဝတီတိုင်း
ဒေသအလိုက် သတင်းကဏ္ဍ ဧရာကမ်းခြေမှာလုပ်မယ့် လမ်းလျှောက်သင်္ကြန်ကို မပါဝင်ဖို့ ဧရာဗေဒါသတိပေ April 8, 2022 ဒေသအလိုက် သတင်းကဏ္ဍ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ဧရာကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ 528 Beach Resort ပိုင်ရှင် ဦးစန်းမြင့်တို့ ပူးပေါင်းလုပ်ဆောင်မယ့် ဧရာကမ်းခြေ လမ်းလျှောက်သင်္ကြန်ကို ပြည်သူတွေအနေနဲ့ ပါဝင်မဆင်နွှဲဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဧရာဗေဒါတပ်ဖွဲ့က မေတ္တာရပ်ခံ သတိပေးလိုက်ပါတယ်။ လမ်းလျှောက်သင်္ကြန်ပွဲကို မဖျက်သိမ်းပါက [ဆက်လက်ဖတ်ရှုရန်]
ဒေသအလိုက် သတင်းကဏ္ဍ မြောင်းမြဆေးရုံမှာ ကိုဗစ်အတည်ပြုလူနာတစ်ဦး ထပ်မံသေဆုံး March 3, 2022 ဒေသအလိုက် သတင်းကဏ္ဍ ဧရာဝတီတိုင်း မြောင်းမြမြို့နယ် မြောင်းမြပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေတဲ့ ကိုဗစ်အတည်ပြုလူနာတစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုရေးအသင်းအဖွဲ့တွေက ပြောပါတယ်။ ဒီကနေ့ မတ်လ ၃ ရက်နေ့ မနက်ပိုင်းမှာ ကိုဗစ်အတည်ပြုလူနာ အမျိုးသားတစ်ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် မြောင်းမြမြို့မှာ စတုတ္ထလှိုင်းအတွင်း သေဆုံးသူ [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး နိုင်ကျဉ်းတွေကို ရိုက်နှက်လို့ ပုသိမ်ထောင်မှာ ဆန္ဒပြမှုဖြစ်ပြီး ပစ်ခတ်ဖြိုခွင်းနေ January 6, 2023 နိုင်ငံရေး ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်မှာ ဒီကနေ့ဇန်နဝါရီ ၆ရက်မနက်ပိုင်းက ထောင်တွင်း ဆန္ဒပြမှုတွေဖြစ်နေပြီးပစ်ခတ်မှုတွေပါရှိခဲ့တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက DNA ကိုပြောပါတယ် ဒီကနေ့ မနက်ပိုင်းက ပုသိမ်ထောင်တွင်းမှာ နှစ်ရှည်ထောင်ကျနေတဲ့ နိုင်ငံရေး အကျဉ်းသား ၄ ဦးကို ထောင်ဝန်ထမ်းတချို့ကရိုက်နှက်မှုတွေလုပ်ခဲ့တာကြောင့် မနက် ၉နာရီဝန်းကျင်မှာ [ဆက်လက်ဖတ်ရှုရန်]