လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ အလင်းဝင်ရင် ဆုငွေ ကျပ်သိန်းတစ်သောင်းချီးမြင့်မယ်

Photo – Reuters
အာဏာသိမ်း စစ်အုပ်စုဝင်တွေအနေeJh လေယာဉ်၊ ရေယာဉ်၊ ရဟတ်ယာဉ်အပါအဝင် စက်ယာဉ်ယန္တယားတွေနဲ့ အလင်းဝင်လာရင် ဆုငွေ အမေရိကန်ဒေါ်လာ ၅ သိန်း (သို့) မြန်မာကျပ်သိန်း၁၀,၀၀၀ ချီးမြင့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ အာဏာရှင်စနစ်တွန်းလှန်နေတဲ့ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ မြေပြင်ထိုးစစ်နဲ့ ရေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ် ပြုလုပ်နေပါတယ်။ ဒါ့ကြောင့် အကြမ်းဖက်စစ်အုပ်စုရန်က ကာကွယ်ဖို့ အခုလို ဆုကြေးငွေ ထုတ်ပြန်လိုက်တာလို့ ဖော်ပြထားပါတယ်။
တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်၊ တိုက်ရေယာဉ်တွေကို အကြမ်းဖက်စစ်တပ် အခြေစိုက်စခန်းမှာ ရပ်နားထားချိန် အကြီးစားပျက်စီးမှုဖြစ်တဲ့အထိ ဖျက်ဆီးနိုင်ရif တစ်စီးကို ဆုငွေ မြန်မာကျပ်ငွေ သိန်း ၆,၀၀၀ ချီးမြင့်မယ်ဆို့လည်း ဆိုပါတယ်။
ဒါ့အပြင် ပျံသန်းလာချိန် လမ်းမှာ တနည်းနည်းနဲ့ ဖျက်ဆီးနိုင်ရင် တစ်စီးကို မြန်မာကျပ်ငွေ သိန်း ၆,၀၀၀ ၊ ပစ်မှတ်ကိုရောက်အောင်ပျံလာပြီး ဗုံးမကြဲပဲ ရည်ရွယ်ချက်ရှိရှိ ထိုးစိုက်ပျက်ကျအောင် စွမ်းဆောင်နိုင်ရင် မြန်မာကျပ်ငွေ သိန်း ၆,၀၀၀ ၊ အကြီးစား ပျက်စီးတဲ့အထိ လုပ်ဆောင်နိုင်ရင် ကျပ်သိန်း ၆,၀၀၀ ၊တိုက်လေယာဉ်ဆီ သိုလှောင်ကန်တွေကို ထိထိရောက်ရောက်ဖျက်ဆီးနိုင်ရင် သိန်း ၂၀၀၀ စတဲ့ဆုငွေအသီးသီးကို ကြေညာထားပါတယ်။
အချက်အလက်ခိုင်ခိုင်မာမာတင်ပြနိုင်တဲ့ အစုအဖွဲ့လိုက်ဖြစ်စေ တဦးချင်းဖြစ်စေ ဆုငွေတွေကို ခံစားခွင့်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။