အကြမ်းဖက်စစ်တပ်ရဲ့ လေတပ်အရာရှိနဲ့ တပ်သားတစ်ဦး အလင်းဝင်

အကြမ်းဖက်စစ်တပ်ရဲ့ လေတပ်အရာရှိနဲ့တပ်သားတစ်ဦး အလင်းဝင်လာတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဒီကနေ့ထုတ်ပြန်ပါတယ်။
မကြာသေးခင်ကပြည်သူ့ပန်းတိုင်အဖွဲ့ နဲ့ ဆက်သွယ်လာတဲ့ လေတပ် က ဗိုလ်ကြီးမုတ်သုံ ဟာ CDM ပြုလုပ်လာခဲ့သလို လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း တစ်ရင်းက တပ်သားသီဟနိုင်ဟာ အမ်အေ-၃ သေနတ် (၂) လက်နဲ့အတူ ပြည်သူ့ဘက်ကို ကူးပြောင်းလာနိုင်ခဲ့ပြီး ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ ချိတ်ဆက် ဆောင်ရွက်ပေးမှုနဲ့ သူတို့နှစ်ဦးစလုံး လွတ်မြောက်နယ်မြေတခုကို ရောက်ရှိခဲ့ပြီလို့ သိရပါတယ်။
၂၀၂၁ ခုနှစ်ဧပြီကတည်းက ပြည်သူ့ဘက် ရပ်တည်ခဲ့ပြီး ခက်ခက်ခဲခဲ ပုန်းရှောင်နေခဲ့တဲ့ တပ်ကြပ်ကြီးနောင်ရိုးကို လည်း ပြည်သူ့ပန်းတိုင်အဖွဲ့က လွတ်မြောက်နယ်မြေတခုကို ကူညီပို့ဆောင်ပေးခဲ့ တယ်လို့ဆိုပါတယ်။
ပြည်သူ့ပန်းတိုင်အဖွဲ့က သိပ်မကြာခင်မှာ သူတို့ကို ပြည်သူလူထုနဲ့ မိတ်ဆက်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်အာဏာရှင်အသုံးချခံအဖြစ်ကနေ အချိန်မီ ရုန်းထွက်ကာ ပြည်သူလူထု နဲ့ အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ ရပ်တည်ပေးကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။