မီတာခ လိုက်ကောက်နေတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ​သေနတ်နဲ့ ပစ်ခံရ

Photo- Mudon News
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း စစ်အုပ်စုနဲ့အတူ မီတာခလိုက်လံကောက်ခံနေတဲ့ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က မတ်လ ၂ ရက်နေ့ ညနေပိုင်းမှာ ပိန္နဲကုန်းကျေးရွာ ကုန်းကွက်သစ်အပိုင်းနေထိုင်သူ ပြည်သူ့စစ်ခေါင်းဆောင် ဦးမန်းတင်ဆိုသူဟာ စစ်အုပ်စုဝင်ငွေရရှိရေးအတွက် မီတာခတွေ လိုက်ကောက်ပေးနေစဉ်မှာ ကျိုက်မရောအခြေစိုက် စွန်ရဲမြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ မော်လမြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“မီတာကောက်တာတင်မကဘူး ကလေးတွေကိုလည်း အမှုဆင်ဖမ်းဆီးတာတွေပါ လုပ်နေတာ၊ သူရော သူ့မိန်းကရောက အဲ့လိုပဲ၊ အခုသူကတော့ ၅ ချက်အပစ်ခံရပြီး သွားရှာပြီ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။