ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ စစ်တပ်အားကိုး လူမိုက် ၅ ဦးကို သန်လျင်ဗိုလ်နဂါးတပ်ဖွဲ့က ရှင်းလင်းခဲ့ရာ ၃ ဦး သေဆုံးခဲ့ပါတယ်။
 
သုံးခွမြို့နယ် မကျီးပေါက်ကန်ကျေးရွာက တုတ်ပြီး ဓားပြီး လို့ဆိုပြီး စစ်တပ်အားကိုး လူမိုက်ဖိုးအေးဆိုသူနဲ့ သူ့ရဲ့နောက်လိုက် ၅ ဦးကို ယမန်နေ့ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ လောက်မှာ သန်လျင်ဗိုလ်နဂါးတပ်ဖွဲ့က သေနတ်နဲ့ ၁၅ ချက်ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ ခရမ်းချန်နယ်က ဖော်ပြပါတယ်။
 
‘ဒီကောင်တွေက ရွာလူမိုက်တွေပေါ့။ အခုကျတော့ စစ်ခွေးတွေနဲ့ပေါင်းပြီး ပိုမိုက်ပြနေတယ်။ လောင်းကစားဝိုင်းတွေလိုင်းကြေးပေးပြီးလုပ်တယ်။ သူတို့ မကြည်တဲ့လူတွေကို ဒုက္ခပေးနေတဲ့ ကောင်တွေ’ လို့ သုံးခွမြို့၊ သိုက်တူးကန်ရွာသားတစ်ဦးက ပြောပါတယ်။
 
သူတို့ကို သန်လျင်ဗိုလ်နဂါးအဖွဲ့က သိုက်တူးကန်ရွာလမ်းဆုံမှာ ပစ်ခတ်ခဲ့ရာ ၂ ဦး ပွဲချင်းပြီးသေပြီး ဆေးရုံရောက်ပြီးနောက် တစ်ဦးထပ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
လူမိုက်ဖိုးအေးနဲ့ အဖွဲ့ဟာ စစ်တပ်နဲ့ပူးပေါင်းပြီး မကောင်းမှု ရာဇဝတ်မှုတွေ လုပ်ဆောင်နေတယ်လို့ တိုင်ကြားမှုတွေအရ ရှင်းလင်းခြင်းဖြစ်ကြောင်း သန်လျင်ဗိုလ်နဂါးအဖွဲ့က ထုတ်ပြန်ထားပါတယ်။