ဒီနေ့ မတ်လ ၂၉ ရက်နေ့ မနက် ၇ နာရီလောက်က ဗိုလ်တစ်ထောင်မြို့နယ် အတွင်းက မြဝတီဘဏ် နဲ့ MyTel အရောင်းဆိုင် ၂ ခု ကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ဗုံး ၃ လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Urban Guerrillas – YUG က ဆိုပါတယ်။
ဖောက်ခွဲမှုကြောင့် ထိခိုက်ပျက်စီးတာတွေ ရှိပေမယ့် ဖောက်ခွဲရေး မလုပ်မီ ဗုံးတစ်လုံးကို အကြမ်းဖက်စစ်အုပ်စုဘက်က ရှာတွေ့သွားလို့ ချိန်ကိုက်ဗုံး ၃ လုံးမှာ ၁ လုံးက ဖျက်စီးခံလိုက်ရတယ်လို့ ဆိုပါတယ်။
စစ်တပ်ပိုင်လုပ်ငန်းတွေ ထုတ်ကုန်တွေကို သပိတ်မှောက်ကြဖို့ တော်လှန်ရေးအဖွဲ့တွေက နည်းမျိုးစုံနဲ့ အသိပေးခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ကလည်း ရန်ကုန်မြို့မြန်မာဘီယာရောင်းချနေတဲ့ ဆိုင် ၁၅ ဆိုင်ကို မြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။