ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ ဘုရားပျိုကျေးရွာရဲစခန်းတိုက်ခိုက်ခံရမှုကြောင့် စစ်အုပ်စုဝင်တစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
ခရမ်းမြို့ ဘုရားပျိုကျေးရွာ ရဲစခန်းအတွင်း မတ်လ ၂၉ ရက်နေ့မွန်းလွဲ တစ်နာရီခွဲလောက်မှာ ၄၀(မမ) ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းအဆောက်အဦတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ခရမ်း PDF က ယမန်နေ့ညမှာ ထုတ်ပြန်ပါတယ်။
ရဲစခန်းထဲ ဗုံးသီးတွေ ကျရောက်ပေါက်ကွဲပြီးနောက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပေမဲ့ စစ်အုပ်စုဘက်က စစ်ကူတွေ ရောက်မလာဘူးလို့လည်း သိရပါတယ်။
‘အခုခရမ်းမှာရှိတဲ့ စစ်ခွေးတွေက ကြောက်နေပြီ။ ပစ်ခတ်တာတစ်ခုခုဖြစ်လို့ အခင်းဖြစ်တဲ့နေရာကိုသွားရင် လမ်းမှာမိုင်းဆွဲခံရမှာ ကြောက်တယ်။ အဲဒါကြောင့် ပစ်တာခတ်တာဖြစ်ရင် ဘယ်ကိုမှ ချက်ချင်းမထွက်ရဲတော့ဘူး’ လို့ ခရမ်းမြို့ပေါ်နေ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
ဘုရားပျို ရဲစခန်း တိုက်ပွဲမှာ PDF ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။