တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ မတ်လ ၂၄ရက်နေ့က အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့ကို ရောက်ရှိလာခဲ့ပြီး ဒါဟာ သူ့ရဲ့ ပထမဆုံး အာဖဂန်ခရီးစဉ်လည်း ဖြစ်ပါတယ်။
ဝမ်ယီဟာ ကဘူးလ်မြို့မှာ Organisation of Islamic Cooperation (OIC)နဲ့ နှစ်ရက်ကြာ အစည်းအဝေးတခုကို တက်ရောက်ခဲ့ပြီး တာလီဘန် အာဏာပိုင် ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အာဖဂန်နစ္စတန်အပေါ် နိုင်ငံတကာရဲ့ အရေးယူဒဏ်ခတ်မှုတွေကို ဆန့်ကျင်ကြောင်း ထပ်လောင်း ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
တရုတ်နိုင်ငံဟာ အာဖဂန်နစ္စတန်နဲ့ ၇၆ ကီလိုမီတာရှည်လျားတဲ့ နယ်စပ်မျဉ်းတလျောက် ထိစပ်နေပေမယ့် ဘေဂျင်းကို ဆန့်ကျင်တဲ့ လူနည်းစု မွတ်စလင် Uyghur ခွဲထွက်ရေးသမားများတွေအတွက် အိမ်နီးချင်း အာဖဂန်က အဓိကအချက်အချာ ဖြစ်လာမှာကို စိုးရိမ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီရဲ့ အခုလို မကြေညာပဲ သွားရောက်ခဲ့တဲ့ အာဖဂန်ခရီးစဉ်ဟာ ၂၀၂၁၁ သြဂုတ်လ တာလီဘန်တွေ အာဖဂန်နစ်စတန်ကို ထိန်းချုပ်ခဲ့ချိန်ကစပြီး ပထမဆုံး သွားရောက်တာဖြစ်ပါတယ်။