စစ်အုပ်စုထုတ်ကုန် ဘီယာနဲ့အရက် ရောင်းချနေတဲ့ လပွတ္တာကဆိုင်တွေကို တိုက်ခိုက်မယ်

ဧရာဝတီတိုင်း၊ နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုထုတ်ကုန် မြန်မာဘီယာနဲ့ ဆက်စပ်ယမကာရောင်းချနေတဲ့ ဆိုင်တွေကို မကြာမီ တိုက်ခိုက်သွားမယ်လို့ သိရပါတယ်။
ဒီနေ့မနက်ပိုင်းမှာ လပွတ္တာမြို့ပြပြောက်ကျားတပ်ဖွဲ့က အဲဒီလိုထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး လပွတ္တာ မြို့သားတွေအနေနဲ့ စစ်အုပ်စုထုတ်ကုန် ရောင်းချတဲ့ဆိုင်တွေကို သပိတ်မှောက်ကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
‘ကျွန်တော်တို့ဆီမှာက အာဏာရှင်ကိုတော့ ဆန့်ကျင်တယ်။ စီးပွားရေးကတော့ အထိခိုက်မခံဘူး။ မြန်မာဘီယာ လည်းရောင်းစရာရှိရောင်းမှာပဲ ဆိုတဲ့လူများနေတယ်ဆိုတော့ ဒီလိုရောင်းရင် ဒါမျိုးဖြစ်မယ်ဆိုတာမျိုး လုပ်သင့်ပြီထင်တယ်’ လို့ လပွတ္တာမြို့ပေါ်နေ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
စစ်အုပ်စုထုတ်ကုန် အရက်၊ ဘီယာရောင်းချတဲ့ဆိုင်မှာ ထိုင်သောက်ရင်း ထိခိုက်မှုရှိလာပါက လပွတ္တာမြို့ပြပြောက်ကျားတပ်ဖွဲ့အနေနဲ့ တာဝန်ယူမှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။