အသက် ၁၉ နှစ်အရွယ် PDF ရဲဘော်တစ်ဦး ယင်းမာပင်တိုက်ပွဲမှာ ကျဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲမှာ People’s Defence Force – South Monywa ကအသက် ၁၉ နှစ်အရွယ် ရဲဘော်လင်းခန့်ကျော် ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ရဲဘော်လင်းခန့်ကျော်ဟာ မတ်လ ၁၁ ရက်နေ့၊ အကြမ်းဖက်စစ်တပ်နဲ့တိုက်တဲ့ ယင်းမာပင်တိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ရင်းရဲရင့် မြင့်မြတ်စွာ ကျဆုံးသွားခဲ့တယ်လို့ People’s Defence Force – South Monywa က ထုတ်ပြန်ပါတယ်။
‘စစ်ခွေးတွေက ကျွန်တော်တို့ စစ်ကိုင်းတိုင်းကို အင်အားအလွန်အကျွံသုံးပြီး အပြုတ်နှံနေတာပါ။ အဲဒါကြောင့် တိုက်ပွဲဝင်နေတဲ့ PDF တွေရော ဒေသခံတွေရော စစ်ခွေးလက်ချက်နဲ့ ကျဆုံးခဲ့တာတွေ၊ ရွာတွေမီးရှို့ခံနေရတာတွေနဲ့ တန်ဖိုးကြီးကြီးပေးနေရတယ်’ လို့ ယင်းမာပင်အခြေစိုက် PDF ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။