တောင်ဒဂုံမှာ CNGတန်းစီနေတဲ့ ယာဉ်တန်းကို ကွန်တိန်နာကားတစ်စီး ဝင်တိုက်မိပြီး ၄ဦးသေဆုံ

ဓာတ်ပုံ- လူမှုကွန်ရက်

ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ် မောင်းမကန်လမ်းပေါ်မှာ CNGတန်းစီးနေတဲ့ ယာဉ်တန်းကို ကွန်တိန်နာတစ်စီးက ဝင်တိုက်မိရာမှ လူ၄ဦးသေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူတွေ များပြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ မတ်လ ၁၁ရက်နေ့ မနက်ပိုင်းမှာ CNGဆိုင်မှာ တန်းစီးနေတဲ့ မော်တော်ယာဉ်တန်းကို ကွန်တိန်ကားတစ်စီးက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ပြီး မော်တော်ယာဉ် ၈စီးကို ဆင့်တိုက်မိသွားခဲ့တာပါ။
အမျိုးသား ၄ဦး သေဆုံးပြီး ၂ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ သွားရောက်ကူညီလုပ်ဆောင်ပေးခဲ့တဲ့ လူမှုရေးအဖွဲ့တွေရဲ့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။
“ကွန်တိန်နာ ကားမောင်းတဲ့သူက အိပ်ငိုက်ပြီးတော့ အရှိန်မထိန်းနိုင်ဘဲ ကားတန်းလိုက်ကို တောက်လျှောက်ဝင်တိုက်သွားတာ၊ နေရာမှာ ပွဲချင်းပြီးက အမျိုးသားတစ်ဦးသေတယ်၊ ဆေးရုံအရောက်မှာ နောက်ထပ် ၃ဦးသေဆုံးသွားတယ်၊ ဒဏ်ရာရတဲ့သူတွေလည်း များတယ်၊ အရှိန်ပြင်းလွန်းတော့ ကားတွေက တစ်စီးနဲ့ တစ်စီးပါ ထပ်ကုန်တယ်”လို့ လူမှုရေးအသင်းအဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။
ရန်ကုန်မြို့မှာ လျှပ်စစ်မီးပြတ်တောက်ချိန် များပြားလွန်းနေတာကြောင့် CNGအရောင်းဆိုင်တွေမှာ မော်တော်ယာဉ်တွေဟာ ညအိပ်စောင့်ဆိုင်း ဝယ်ယူရတဲ့အချိန် ခက်ခဲမှုတွေ ကြုံတွေ့နေရပါတယ်။