နွေဦးတော်လှန်ရေး တစ်နှစ်ကျော်ကာလအတွင်း အမျိုးသမီး၁၂၀ကျော်နဲ့ ကလေး၁၁၀ ကျဆုံးခဲ့ကြောင်း သိရပါတယ်။
အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် မတ်လ ၁ ရက်နေ့အထိ စုစုပေါင်းကျဆုံးသူ ၁၅၂၅ ဦးရှိတဲ့အနက် အမျိုးသမီး ၁၂၂ ဦးကျဆုံးခဲ့ပြီး စုစုပေါင်းကျဆုံးအရေအတွက်ရဲ့ ၈ ရာခိုင်နှုန်းရှိပါတယ်။
စစ်ကိုင်းတိုင်းမှာ အမျိုးသမီး ၃၈ ဦးကျဆုံးခဲ့ကာ အများဆုံးဖြစ်ပြီး ဒုတိယ ကျဆုံးမှု အများဆုံးကတော့ မန္တလေးတိုင်း ၂၁ ဦးနဲ့ တတိယအများဆုံးမှာ ရန်ကုန်တိုင်းဖြစ်ကာ ၁၅ ဦး ကျဆုံးခဲ့ကြောင်း NUG အစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ကျဆုံးခဲ့တဲ့ ကလေး ၁၁၀ ထဲမှာ ကျား ၉၃ ဦးနဲ့အမျိုးသမီး ၁၇ ဦးရှိကာ စုစုပေါင်း ကျဆုံးအရေအတွက်ရဲ့ ၇ ဒဿမ ၂ ရာခိုင်နှုန်း ရှိပါတယ်။
စစ်ကိုင်းတိုင်းမှာ ကလေး ၃၁ ဦး ကျဆုံးခဲ့ပြီး အများဆုံးဖြစ်ကာ မန္တလေးတိုင်းမှာ ၂၃ ဦးနဲ့ ဒုတိယ၊ ရန်ကုန်တိုင်းမှာ ၁၄ ဦးနဲ့ တတိယ အများဆုံး ကျဆုံးခဲ့ပါတယ်။
နွေဦးတော်လှန်ရေး တစ်နှစ်ကျော်အတွင်း ကျဆုံးလူငယ် ၇၂၄ ဦးရှိပြီး စုစုပေါင်းကျဆုံးအရေအတွက်ရဲ့ ၄၇ ရာခိုင်နှုန်းရှိပါတယ်။ ကျဆုံးလူငယ်ထဲမှ ာအမျိုးသမီး ၄၆ ဦးနဲ့အမျိုးသား ၆၇၈ ဦးရှိပါတယ်။
စစ်ကိုင်းတိုင်းမှာ ကျဆုံးလူငယ် ၂၂၁ ဦး၊ ရန်ကုန်တိုင်းမှာ ၁၅၅ ဦးနဲ့ မန္တလေးတိုင်းမှာ ၁၄၃ ဦး ရှိပါတယ်။