မုံရွာမြို့က နွေဦးသူရဲကောင်းအချို့ရဲ့ အုတ်ဂူတွေဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့ရတဲ့ သူရဲကောင်း ၉ဦးရဲ့ အုတ်ဂူတွေကို ဖျက်ဆီးခံခဲ့ရပြီး ဒါဟာ စစ်အုပ်စုလက်အောက်ချက်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၁ခုနှစ် မတ်လ ၃ရက်နေ့မှာ ဘုရားနီ(အာဇာနည်လမ်း)မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အာဏာသိမ်းယူမှုကို လက်မခံနိုင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေကို စစ်အုပ်စုက အကြမ်းဖက်ဖြိုခွင်းစဉ်မှာ ပြည်သူ ၉ဦးကျဆုံးခဲ့ရပါတယ်။
ကျဆုံးသူရဲကောင်းတွေရဲ့ အုတ်ဂူတွေကို ပြည်သူတွေက ဂုဏ်ပြုမှတ်တမ်းတွေနဲ့တကွ ခမ်းနားစွာ မှတ်တမ်းတင်ခဲ့ပေမဲ့ စစ်အုပ်စုက ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။