စစ်ကိုင်းတိုင်း မုံရွာမြိုမှာ စစ်အုပ်စုရဲ့ လေတပ်ဗိုလ်မှူး မိသားစုဝင်ဖြစ်ပြီး ကမ္ဘောဇဘဏ်ရဲ့ ဒုမန်နေဂျာလုပ်ဆောင်နေသူ အမျိုးသမီးတစ်ဦး ရှင်းလင်းခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မတ်လ ၄ရက်နေ့ ညနေ၄နာရီခန့်မှာ လယ်တီရပ်ကွက်နေ ဒေါ်ဖြိုးဖြိုးဆွေဆိုသူကို အမည်မသိအမျိုးသားနှစ်ဦးက သေနတ်နဲ့ ပစ်ခတ်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒေါ်ဖြိုးဖြိုးဆွေရဲ့ မိသားစုဝင်တွေက စစ်အုပ်စုလက်အောက်ခံ ရေတပ်နဲ့ လေတပ်က ဗိုလ်မှူးတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
အပြစ်မဲ့ပြည်သူတွေကို ရဟတ်ယာဉ်၊လေယာဉ်တွေ အသုံးပြုပြီး အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်နေတဲ့ လေတပ်အရာရှိရဲ့ မိသားစုဝင်ဖြစ်တာကြောင့် အခုလို ရှင်းလင်းခဲ့တာဖြစ်တယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုက သတင်းထုတ်ပြန်ထားပါတယ်။