ဝက်လက်မြို့နယ်ထဲက ပျူ ၃ ဦးကို ရှင်းလင်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက ပျူစောထီး ၃ ဦးကို ရှင်းလင်းခဲ့တယ်လို့ ဒေသတွင်းပြောက်ကျားတပ်ဖွဲ့ Foundie က ထုတ်ပြန်ပါတယ်။
ဝက်လက်မြို့ပေါ်ကို ပျူစောထီး အစည်းအဝေးသွားတက်တဲ့ ဝက်လက်မြို့နယ်၊ ယင်းမကန်ရွာက မြင့်တိုး၊ စိုးရာဇာအောင်နဲ့ နော်ဇာအောင်တို့ ၃ ဦးကို Foundie တပ်ဖွဲ့က အပြန်လမ်းမှာ စောင့်ဆိုင်းပြီး ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။
ဝက်လက်မြို့နယ် အမှတ် ၁ ရပ်ကွက်နေ တက်ကြွလှုပ်ရှားသူတစ်ဦးက ‘ကျွန်တော်တို့ စစ်ကိုင်းတိုင်းထဲမှာ စစ်ခွေးတွေက မနိုင်မနင်းဖြစ်နေတော့ ပျူစောထီးတွေကို အခွင့်အရေးတွေပေးပြီး မွေးတယ်။ ပြီးတော့ PDF တွေကို ပြန်ချခိုင်းနေတယ်။ အဲဒါကြောင့် ပျူမှန်ရင် ရှင်းကိုရှင်းနေရတယ်’ လို့ ဆိုပါတယ်။
ဝက်လက်မြို့နယ်အတွင်းရှိ ပျူစောထီး အပတ်စဉ်တစ်၊ နှစ်၊ သုံး သင်တန်းဆင်းတွေရဲ့ စာရင်းကိုရရှိထားပြီဖြစ်ပြီး ပြည်သူထံ အလင်းမဝင်တဲ့ ပျူစောထီးတွေကို အကြမ်းဖက်စစ်တပ်နဲ့ တစ်သားတည်း သတ်မှတ်ပြီး ရှင်းလင်းသွားမယ်လို့ Foundie တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။