မြောင်းမြဆေးရုံမှာ ကိုဗစ်အတည်ပြုလူနာတစ်ဦး ထပ်မံသေဆုံး

ဓာတ်ပုံ- အေးမြဖြူစင်ပရဟိတအသင်း
ဧရာဝတီတိုင်း မြောင်းမြမြို့နယ် မြောင်းမြပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေတဲ့ ကိုဗစ်အတည်ပြုလူနာတစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုရေးအသင်းအဖွဲ့တွေက ပြောပါတယ်။
ဒီကနေ့ မတ်လ ၃ ရက်နေ့ မနက်ပိုင်းမှာ ကိုဗစ်အတည်ပြုလူနာ အမျိုးသားတစ်ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် မြောင်းမြမြို့မှာ စတုတ္ထလှိုင်းအတွင်း သေဆုံးသူ ၄ ဦးအထိရှိလာပြီပဲ ဖြစ်ပါတယ်။
“နေ့တိုင်း ပိုးတွေ့သူတွေကရှိနေတာ သူတို့စာရင်းတွေမှာကာ ဒီလှိုင်းအတွင်းမှာ ပိုးတွေ့လူနာ ၃၆၄ ဦးလို့ ပြောနေတာ၊ တကယ်က အပြင်မှာ ကိုယ့်ဘာသာ အိမ်ထဲ ကြိတ်ကုနေတာ အများကြီးပဲ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
မြောင်းမြမြို့မှာ စတုတ္ထလှိုင်းအတွင်း ဖေဖေါ်ဝါရီလအတွင်း အတည်ပြုလူနာ ၃ ဦး၊ မတ်လအတွင်း အတည်ပြုလူနာ ၁ ဦး အသက်ဆုံးပါးခဲ့ပါတယ်။