နှိပ်စက်ခံရပြီး သေဆုံးသွားတဲ့ ပြည်သူတွေရဲ့ အလောင်းကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျောက်ဖျက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းပုန်းရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ဟာ နှိပ်စက်ခံရပြီး သေဆုံးသွားတဲ့ ပြည်သူတွေရဲ့ အလောင်းတွေကို မီးရှို့ဖျောက်ဖျက်နေတယ်လို့ သိရပါတယ်။
ရွာထဲမှာရှိတဲ့ ကားဆိုင်ကယ် စတဲ့စက်ပစ္စည်းတွေနဲ့ မီးရှို့နေတယ်လို့ ချင်းတွင်းရိုးမ မဟာမိတ် တပ်ပေါင်းစုက ဒီကနေ့ထုတ်ပြန်ပါတယ်။
မူကြိုကလေး ၈၀ ကျော်နဲ့ ကျေးရွာပြည်သူ အများအပြားလည်း အခုအချိန်ထိ အစာရေစာ ပြတ်လပ်ပြီး ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဖေဖေါ်ဝါရီ ၂၆ ရက်၊မနက် ၉ နာရီလောက်က ချင်းပုန်းရွာနဲ့ အနီးဝန်းကျင်ရွာတွေကို စစ်ရေးနဲ့အရပ်ဘက် ပစ်မှတ်မခွဲဘဲ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ကာ အကြမ်းဖက်တပ်ဖွဲ့ဝင်တွေက ချင်းပုန်းရွာထဲ ဝင်ရောက်စီးနင်းခဲ့ပါတယ်။