တောင်ဥက္ကလာပမှာ အမှိုက်ပုံးထဲ ဗုံးပေါက်

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် စီမံကိန်းရပ်ကွက် မြင်သာ ၉လမ်းထိပ်မှာရှိတဲ့ အမှိုက်ပုံးထဲမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
“အမှိုက်ပုံးထဲမှာ အိတ်အနက်နဲ့ဗုံးထည့်ထားတာ အနားကလူတွေက မသင်္ကာလို့ အထုတ်ကို မြောင်းထဲပစ်ချလိုက်တာမှာ ဗုံးထကွဲတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပေါက်ကွဲမှုနဲ့ ပက်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြားသတင်းထုတ်ပြန်လာခြင်း မရှိသေးပါဘူး။