ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာက အကြမ်းဖက် စစ်အုပ်စုရဲစခန်းကို တိုက်ခိုက်ခဲ့ရာ စခန်းမှူးနဲ့တပ်ကြပ်တစ်ဦးသေဆုံးပြီး လက်နက်တွေလည်းသိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ မနက်၃ နာရီကျော်က ကေအိုင်အေနဲ့ PDF တို့ သွားရောက် တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်းမီဒီယာ Kachinwaves ကဖော်ပြပါတယ်။
ဖေဖော်ဝါ်ရီ ၁ ရက်နေ့ကလည်း ပူတာအို မြို့နယ်၊ ဆွမ်ပီယာန်ကျေးရွာရှိ အကြမ်းဖက်စစ်အုပ်စု တပ်စခန်းတစ်ခုကို ကေအိုင်အေနဲ့ PDF တို့ သိမ်းယူပြီး မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။