မိုးကောင်းမြို့ လျှပ်စစ်ရုံးအနီး ဗုံးပေါက်

ကချင်ပြည်နယ် မိုးကောင်းမြို့ လျှပ်စစ်မီတာရုံးနဲ့ ကပ်လျက်ရှိတဲ့ နေအိမ်တစ်ခုမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မေလ ၂၅ ရက်နေ့က မနက် ၃ နာရီခန့်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှု ရှိမရှိကိုတော့ မသိရှိရသေးပါဘူး။
မိုးကောင်းမြို့နယ် လျှပ်စစ်ရုံးဟာ ပြည်သူတွေကို မီတာခတွေ အတင်းအကြပ်တောင်းခံနေပြီး မီတာခတွေကို အတင်းအကြပ်မတောင်းခံဖို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားခဲ့တယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုနဲ့ ပက်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကို သီးခြား သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။