စပါးအသင်းနဲ့ စာချုပ်ချုပ်ဆိုဖို့ နီးစပ်ခဲ့တဲ့အကြောင်းကို ပြောပြလာတဲ့ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်း

၁၆၊ နိုဝင်ဘာ၊ ၂၀၂၁။

အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းဟာ ကစားသမားဘဝအစမှာ စပါးအသင်းနဲ့ စာချုပ်ချုပ်ဆိုဖို့ နီးစပ်ခဲ့ပေမယ့် မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့ဖြစ်ခဲ့ပုံကို ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

အူဘာမီယန်းဟာ စပါးအသင်းရဲ့ ကမ်းလှမ်းမှုကို ခံခဲ့ရပေမယ့် အာဆင်နယ်အသင်းကိုသာ ရွေးချယ်ခဲ့ပြီး စပါးအသင်းမှာ သွားရောက်ကစားမယ့်အစား ကစားသမားဘဝကနေ အနားယူလိုက်ဖို့အထိ အူဘာမီယန်းက ဆုံးဖြတ်ခဲ့တာပါ။ 

အူဘာမီယန်းအနေနဲ့ အာဆင်နယ်အသင်းကို ရွေးချယ်လိုက်တာ‌ကြောင့် နောက်ပိုင်းမှာ စပါးအသင်းဘက်ကလည်း နောက်ထပ် ဆက်သွယ်မှုတွေ မရှိတော့တဲ့အဖြစ်ကိုလည်း သူက ဖွင့်ဟခဲ့တာပါ။ 

“မေးစရာတောင် မလိုအပ်ပါဘူး။ သူတို့ဘာတွေ လုပ်လဲဆိုတာလည်း မသိသလို ဂရုစိုက်စရာလည်း မဟုတ်ခဲ့ပါဘူး။ နောက်ပိုင်း သူတို့ဘက်က ဆက်သွယ်တာတွေမလုပ်တော့ဘူး”လို့ တိုက်စစ်မှူး အူဘာမီယန်းက ပြောပါတယ်။

တိုက်စစ်မှူး အူဘာမီယန်းဟာ အာဆင်နယ်အသင်းကို ရွေးချယ်ခဲ့ပြီးနောက်မှာ သူ့ကို လိုချင်ခဲ့တဲ့ စပါးအသင်းနဲ့တွေ့ဆုံတိုင်း ဂိုးတွေ သွင်းယူနိုင်ခဲ့သလို စပါးအသင်းနဲ့ ၁၂ ကြိမ် ရင်ဆိုင်တွေ့ဆုံမှုမှာ သွင်းဂိုး ၈ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။

အခုအခါမှာ စပါးအသင်းအနေနဲ့ နည်းပြသစ် ကွန်တီရဲ့ လက်အောက်ကို ရောက်ရှိသွားပြီး အသင်းပြုပြင်ပြောင်းလဲတာတွေ လုပ်ဆောင်နေပေမယ့် နည်းပြသစ်ရောက်လာခဲ့တဲ့အပေါ်မှာလည်း အူဘာမီယန်းက ဂရုစိုက်စရာမလိုသလို ပြဿနာ ကြီးကြီးမားမား မရှိဘူးလို့လည်း အသိပေးခဲ့ပါတယ်။