
၁၀၊ နိုဝင်ဘာ၊ ၂၀၂၁။
ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်အတွက် နာမည်ကြီးအသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို အသင်းဘက်က ပယ်ချဖို့ ရှိနေတယ်လို့ သိရှိရပါတယ်။
Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ဝက်စ်ဟမ်းအသင်းဘက်က ဒီကွင်းလယ်လူနဲ့အတူ အနာဂတ်အသင်းတည်ဆောက်ရေးတွေကို ဆက်လက် ပုံဖော်ဖို့ ရည်ရွယ်ထားလို့ ချဲလ်ဆီး၊ မန်စီးတီးနဲ့ မန်ယူတို့ရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ဖို့ ရှိနေတာပါ။
လက်ရှိမှာ ချဲလ်ဆီး၊ မန်စီးတီးနဲ့ မန်ယူတို့ သုံးသင်းအပါအဝင် အခြားပရီးမီးယားလိဂ် ကလပ်အသင်းတော်တော်များများကလည်း ဒီကလန်ရိုက်ကို ခေါ်ယူဖို့ အလိုရှိနေကြပါတယ်။
ဝက်စ်ဟမ်းဟာ ဒေးဗစ်မိုယက်စ်ရဲ့ ဦးဆောင်မှုနဲ့အတူ လက်ရှိပရီးမီးယားလိဂ်မှာ ရလဒ်တွေကောင်းနေပြီး ပရီးမီး.ယားလိဂ် အမှတ်ပေးဇယား အဆင့် (၃) နေရာမှာ ရပ်တည်ထားပါတယ်။
ဒီအခြေအနေတွေဟာ အင်္ဂလန်သားအတွက် ဆွဲဆောင်မှုဖြစ်စေပြီး အသင်းရဲ့ ဥရောပခရီးစဉ်တွေအတွက်ပါ စိတ်ချနေရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
လက်ရှိ ကစားသမားရဲ့ တန်ကြေးဟာ ပေါင် သန်း ၁၀၀ အထက် ပေါက်ရောက်နေပေမယ့် အသင်းကတော့ ကစားသမားကို ထွက်ခွာလိုစိတ် ရှိမနေပါဘူး။
