၂၁၊ အောက်တိုဘာလ၊ ၂၀၂၁။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHO က ကိုဗစ်အကျပ်အတည်းဟာ လာမယ့် ၂၀၂၂ ခုနှစ်အထိ ဆက်လက် ရှိနေဦးမှာဖြစ်တယ်လို့ ခန့်မှန်းလိုက်ပြီး သတိပေးမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။
ကိုဗစ်ဗိုင်းရပ်စ်ဟာ WHO က အသိပေးထားတဲ့အတိုင်း ခန့်မှန်းချက်တွေထက် ပိုကြာဦးမှာဖြစ်သလို အကျပ်အတည်းဟာလည်း တစ်နှစ်လောက်ကို ဆက်လက် ဖြစ်ပွားဖို့ရှိနေတာပါ။
WHO ရဲ့ အကြီးတန်းအရာရှိ ဘရုစ်အယ်လ်ဝက်ဒ်က “ကိုဗစ်အကျပ်အတည်းဟာ ၂၀၂၂ ခုနှစ်အထိကို လွယ်လွယ်ကူကူပဲ ပါလာဖို့ ရှိနေတယ်”လို့ အသိပေးခဲ့ပါတယ်။
လက်ရှိမှာ ကမ္ဘာ့ပေါ်က ချမ်းသာတဲ့ နိုင်ငံတွေဟာ ကိုဗစ်ကာကွယ်ဆေးအတွက် အလျင်စလို ငွေသုံးစွဲခွင့်ရနေကြပေမယ့် ဆင်းရဲတဲ့ နိုင်ငံတွေကတော့ ကိုဗစ်နဲ့ပတ်သက်လို့ အခက်အခဲပေါင်းစုံ ကြုံတွေ့နေကြရပြီး ကာကွယ်ဆေးလည်း လုံလုံလောက်လောက် မရရှိဘဲ ဖြစ်နေတာပါ။
ဒီအချက်တွေကို WHO အကြီးတန်းအရာရှိ ဘရုစ်အယ်လ်ဝက်ဒ်က ချိန်ထိုးခဲ့ပြီး ချမ်းသာတဲ့ နိုင်ငံတွေအနေနဲ့ ဆင်းရဲ့တဲ့ နိုင်ငံတွေကို ကိုဗစ်ကာကွယ်ဆေး ဦးစားပေးဖို့ အသိပေးခဲ့ပါတယ်။
လက်ရှိအချိန်အထိ ကိုဗစ်ဗိုင်းရပ်စ်ဟာ နှစ်ချီပြီး ပျံ့ပွားနေခဲ့ပေမယ့် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကာကွယ်ထိန်းချုပ်ဖို့ အချိန်ယူနေရပါတယ်။
ဒါနဲ့ ပတ်သက်ပြီး ဘရုစ်အယ်လ်ဝက်ဒ်က“လမ်းကြောင်းမှန်ပေါ် မရောက်သေးဘူးလို့ ထင်တယ်။ ဒီဗိုင်းရပ်စ်က လိုတာထက်ကို တစ်နှစ်လောက် ဆက်ရှိမှာပါ။ အမြန်ဆုံး ဆောင်ရွက်ဖို့ လိုပါတယ်”လို့ ပြောခဲ့ပါတယ်။