ဆွစ်ဇာလန်အခြေစိုက် Kempinski Hotel ရပ်နား

၁၅ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။

နေပြည်တော်မှာ ဖွင့်လှစ်ထားတဲ့ ဆွစ်ဇာလန်အခြေစိုက် Kempinski Hotelဟာ လုပ်ငန်းတွေ ရပ်နားလိုက်ပြီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

Kempinski Hotelဟာ ဆွစ်ဇာလန်အခြေစိုက် နာမည်ကြီး ဟိုတယ်လုပ်ငန်းစုဖြစ်တဲ့ Kempinski အုပ်စုရဲ့ ဟိုတယ်တစ်ခုဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ရပ်နားဖို့ ဆုံးဖြတ်လိုက်တာလို့ ဟိုတယ်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါဝင်ခဲ့ပါတယ်။

Kempinski ဟိုတယ်လုပ်ငန်းစုဟာ နိုင်ငံပေါင်း ၃၀ကျော်မှာ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ကြီးပေါင်း ၇၅ခုခန့်ကို ဖွင့်လှစ်ထားနိုင်တဲ့ အဖွဲ့တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ နေပြည်တော်မှာ ၂၀၁၄ခုနှစ်ကနေစတင်ပြီး အမေရိကန်ဒေါ်လာ ၄၅သန်းတန်ကြေးရှိတဲ့ Kempinski Hotelကို လာရောက်ရင်းနှီးမြုပ်နှံခဲ့တာပဲဖြစ်ပါတယ်။

Kempinski Hotelဟာ နေပြည်တော်မှာ အကောင်းဆုံးဟိုတယ်တွေအနက် တစ်ခုအပါအဝင်ဖြစ်ပါတယ်။