၁၄၊ အောက်တိုဘာလ၊ ၂၀၂၁။
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊၅၆မိုင်စခန်းရွာက ပြာမကျသေးတဲ့အိမ်တွေကို အကြမ်းဖက်စစ်တပ်က ထပ်မံ မီးရှို့တယ်လို့ သိရပါတယ်။
အိမ်ခြေ၄၀လောက်ရှိတဲ့ ၅၆မိုင်စခန်းရွာကို အောက်တိုဘာ၁၂ရက်နေ့ည ၆နာရီခွဲလောက်မှာ စစ်တပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးလုယက်ခဲ့ခြင်းဖြစ်ပြီး တစ်ဝက်တပျက်သာလောင်သေးတဲ့အိမ်တွေကို နောက် ထပ်ရောက်လာတဲ့စစ်တပ်ကဒီနေ့မှာ ထပ်မီးရှို့ခဲ့တာလို့ ဒေသခံပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးကပြောပါ တယ်။
‘၁၂ရက်တုန်းက မီးရှို့တဲ့စစ်တပ်က ဂန့်ဂေါကနေ ဆင်းလာတဲ့တပ်။၅၆မိုင်ဆိုတာ ပုလဲ-ဂန့်ဂေါလမ်းပေါ်မှာပဲဆို တော့ ၅၆မိုင်မှာ စခန်းချရင်း ရှို့တာ။ပြီးတော့ အရပ်လေးမျက်နှာကို လက်နက်ကြီးနဲ့လျှောက်ပစ်တယ်’လို့ သူက ပြောပါတယ်။
ယမန်နေ့ညနေပိုင်းက ၅၅မိုင်စခန်းရွာကို ရောက်ရှိစခန်းချနေတဲ့ အင်အား၇၀ကျော်ရှိတဲ့ အကြမ်းဖက်စစ်တပ် ဟာ ထပ်မံမီးရှို့ပြီး ညဘက်မှာလက်နက်ကြီးနဲ့ အရပ်လေးမျက်မှာကို ပစ်ခတ်ခြောက်လှန်ခဲ့တယ်လို့ သိရပါတယ်။
‘မနေ့ညကတည်း ၅၅မိုင်မှာ စစ်တပ်စခန်းချတယ်။တခြားရွာတွေကို ထပ်မီးရှို့တာ၊ဒုက္ခပေးတာတော့ ခုထိမရှိသေး ဘူး။’လို့ သူကဆိုပါတယ်။
ပုလဲမြို့နယ်အတွင်းရှိ ပုလဲ-ဂန့်ဂေါ ကားလမ်းမဘေးမှာ ၅၅၊၅၆၊၅၇၊၅၈၊၅၉၊အင်တောပြန့်၊ခင်အေးနဲ့ ပုံတောင် နတ်ထိပ်ရွာတို့ဟာ ပုလဲ-ဂန့်ဂေါ ကားလမ်းမဘေးမှာ အတန်းလိုက်တည်ရှိပြီး အဲဒီရွာအားလုံးဟာ အောက်တိုဘာ ၉ရက်နေ့ကတည်းက ရွာကိုစွန့်ပြီး တိမ်းရှောင်နေကြတာပါ။
‘၅၆မိုင်ရွာတုန်းက စစ်တပ်လာလို့ တစ်ရွာလုံးပြေးနေတဲ့အချိန် ရွာလုံးကျွတ်မီးရှို့သွားကြတာ။အခုကတော့ တခြား ရွာတွေမှာ လူမရှိကြပေမဲ့ ဘာမှမလုပ်သေးဘူး။ဘာမှမလုပ်ဘူးဆိုတာ ဘယ်သူမှ အာမမခံနိုင်လို့ ဘယ်သူမှ ရွာထဲ ပြန်မလာရဲဘူး။တောထဲဖြစ်သလိုနေကြရတာ’လို့ ဒေသခံပြောက်ကျားတပ်ဖွဲ့ဝင်ကဆိုပါတယ်။
ပုံတောင်နတ်ထိပ်ရွာဟာ ပုလဲမြို့နယ်အဆုံးရွာဖြစ်ပြီး အဲဒီရွာရဲ့ ဟိုဘက်ဟာ ဂန့်ဂေါမြို့နယ်အပိုင်ဖြစ်ပါတယ်။