တိတ်တဆိတ်ကျင်းပခဲ့တဲ့ မြောက်ကိုရီးယားအာဏာရပါတီ (၇၆)နှစ်မြောက်နှစ်ပတ်လည်အခမ်းအနား

၁၀၊ အောက်တိုဘာလ၊ ၂၀၂၁။

ဒီနေ့ဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ အာဏာရပါတီ တည်ထောင်ခြင်း ၇၆ နှစ် မြောက်နှစ်ပတ်လည် အခမ်းအနားနေ့ဖြစ်ပါတယ်။

အာဏာရအလုပ်သမားပါတီ နှစ်ပတ်လည်နေ့ ရောက်တိုင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်အနေနဲ့ ခမ်းခမ်းနားနားကျင်းပခဲ့တာပါ။

ဒီနှစ်မှာတော့ နှစ်ပတ်လည်အခမ်းအနားဟာ တိတ်တဆိတ်ဖြစ်နေပြီး နိုင်ငံတွင်းမှာ ဘာလှုပ်ရှားမှုမှ မရှိဖြစ်နေတယ်လို့ မြောက်ကိုရီးယားနိုင်ငံနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေကဆိုပါတယ်။

အရင်က အခုလို နေ့မျိုးရောက်ရင် မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းစာတွေနဲ့ သတင်းပေ့တွေဟာ ခေါင်းဆောင် ကင်ဂျုံအမ်ရဲ့ တိုင်းပြည်ပေါ် သစ္စာရှိမှုကို အထူးအလေးဖော်ပြပြီး နိုင်ငံရဲ့ စစ်အင်အားတွေကိုလည်း အထူးတလည်ဖော်ပြခဲ့တာပါ။

အခုတော့ ဒီကနေ့ တနင်္ဂနွေမနက် အစောပိုင်းအထိ လှုပ်ရှားမှုတွေကို မဖော်ပြဘဲ တိတ်ဆိတ်နေခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ နိုင်ငံတွင်း သဘာဝဘေးအန္တရာယ်ကျရောက်မှုတွေနဲ့ ကိုဗစ်ကြောင့် နယ်စပ်ဖြတ်ကျော်မှုတွေ ပိတ်ဆို့ခဲ့လို့ စီးပွားရေးဟာလည်း ချွတ်ခြုံကျနေခဲ့ရတာပါ။

ခေါင်းဆောင် ကင်ဂျုံအမ်ဟာ ပြီးခဲ့တဲ့ ၇၅ နှစ်မြောက် အာဏာရ အလုပ်သမားပါတီ နှစ်ပတ်လည်အခမ်းအနားမှာ စစ်ရေးပြမှုတွေ၊ ပိုင်ဆိုင်ထားတဲ့ စွမ်းအင်မြင့်လက်နက်တွေ ခင်းကျင်းပြသတာတွေနဲ့ ချီတက်ပွဲတွေကို မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပပြုလုပ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။