ပါကစ္စတန်မှာ ငလျင်လှုပ်လို့ အနည်းဆုံး လူအယောက် ၂၀ သေ

၇၊ အောက်တိုဘာလ၊ ၂၀၂၁။

ပါကစ္စတန်နိုင်ငံ၊ ဘာလိုချီစတန်ပြည်နယ်မှာ ငလျင်လှုပ်လို့ အနည်းဆုံး လူအယောက် ၂၀ လောက် သေဆုံးခဲ့တယ်လို့ ဘီဘီစီသတင်းဌာနက ကနဦးဖော်ပြပါတယ်။

ရစ်ချ်တာစကေး ၅.၇ ပြင်းအားရှိတဲ့ ငလျင်ဟာ ဒီနေ့ အစောပိုင်းမှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး အဆောက်အအုံတွေပါ ပြိုကျပျက်စီးခဲ့တာပါ။

ဒေသခံတွေရဲ့ ခန့်မှန်းချက်တွေအရ လက်ရှိမှာဒဏ်ရာရရှိသူ ၁၅၀ လောက်ရှိမယ်လို့ ဘီဘီစီသတင်းဌာနကဖော်ပြပြီး ပြင်းထန်တဲ့ ဒဏ်ရာ ရရှိသူတွေကိုတော့ ဆေးရုံတွေဆီပို့ဆောင်နေပြီဖြစ်ပါတယ်။

သေဆုံးသူဦးရေဟာ ကနဦး အစီရင်ခံမှုတွေအရ အယောက် ၂၀ လို့ သိရှိရပေမယ့် ဒီထက်ပိုများနိုင်သေးတယ်လို့ ဆိုပါတယ်။

လက်ရှိ‌သေဆုံးသူ အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်တယ်လို့လည်း ဘီဘီစီသတင်းဌာနက ဖော်ပြပါတယ်။