ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ သတင်းအမှားတွေ၊ ဆန့်ကျင်မှုတွေကို YouTube ပိတ်မယ်

၃၀၊ စက်တင်ဘာလ၊ ၂၀၂၁။

YouTube ဟာ ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ သတင်းအမှားရေးသားဖော်ပြမှုတွေနဲ့ ဆန့်ကျင်တဲ့ အကြောင်းအရာတွေအားလုံးကို ပိတ်ပင်သွားမှာဖြစ်ကြောင်း အသိပေးကြေညာလိုက်ပါတယ်။

ကိုဗစ်နဲ့ ပတ်သက်တဲ့ သတင်းအမှားတွေကို YouTube ပေါ်မှာတင်ပြီး တင်ဆက်မှုတွေပြုလုပ်နေတာဟာ အန္တရာယ်အလွန်များပြီး ထိခိုက်ဆုံးရှုံးမှုတွေဖြစ်လာနိုင်တာကြောင့် အခုလို လုပ်ဆောင်မှာဖြစ်ပါတယ်။

ကိုဗစ်နဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ သတင်းအချက်အလက်တွေဟာ သတင်းအမှားတွေနဲ့ ကိုဗစ်ဆေးဆန့်ကျင်ရေးအဖွဲ့တွေကြောင့် လူအများဆီမရောက်ဘဲ ပျောက်ကွယ်နေခဲ့ရတယ်လို့ YouTube ရဲ့ တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့က  ပြောပါတယ်။

ဒီအခြေအနေတွေဟာ ကာကွယ်ဆေးထိုးနှုန်းကို လျော့ကျစေပြီး ကျန်းမာရေးကာကွယ်မှု လုပ်ငန်းစဉ်တွေအတွက် နှေးကွေးစေတယ်လို့ YouTube က ယူဆထားတာပါ။

Facebook၊ Twitter နဲ့ YouTube တို့ဟာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး သတင်းအမှားတွေအတွက် အစောပိုင်းကတည်းက စောင့်ကြည့်ပိတ်ပင်မှုတွေပြုလုပ်ခဲ့ပါတယ်။ 

YouTube ရဲ့ တာဝန်ရှိသူတွေကတော့ တည်ကျခိုင်မာတဲ့ မူဝါဒတွေနဲ့ စိန်ခေါ်မှုတွေကို လုံလုံလောက်လောက် ဖြည့်ရှင်းသွားမှာဖြစ်တယ်လို့ အသိပေးပြောကြားခဲ့ပါတယ်။