မောရဝတီရေတပ်စခန်းဌာနချုပ် တပ်သား ၇ဦး ပြည်သူထံ အလင်းဝင်

၁၉၊ စက်တင်ဘာလ၊ ၂၀၂၁။

ရေဖြူမြို့နယ် မောရဝတီရေတပ်စခန်းဌာနချုပ်ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ မောင်းမကန်ဘုတ်ကျွန်းမှာ တာဝန်ကျနေတဲ့ တပ်သား ၇ဦးဟာ စက်တင်ဘာ ၁၅ရက်နေ့က အကြမ်းဖက်စစ်အုပ်စုရဲ့ လက်အောက်ကနေ စွန့်ခွာပြီးတော့ ပြည်သူ့ထံကို အလင်းဝင်ရောက်ခဲ့ပြီး လွတ်မြောက်နယ်မြေတစ်ခုကို အောင်မြင်စွာ ရောက်ရှိခဲ့ပြီလို့ ဒေသတွင်း မီဒီယာတစ်ခုဖြစ်တဲ့ The Tanintharyi Timesက ဖော်ပြထားပါတယ်။

“ယူနီဖောင်းမပါဘူး၊ လက်နက်တွေမပါဘူး၊ အရပ်ဝတ်တွေနဲ့ ထွက်ပြေးလာကြတာပါ” လို့

လွတ်မြောက်နယ်မြေကို ရောက်အောင်ကူညီပေးခဲ့သူက The Tanintharyi Timesမှာ ပြောကြားထားပါတယ်။

ထားဝယ်ခရိုင်မှာ အကြမ်းဖက်စစ်အုပ်စုကို စွန့်ခွာပြီး ပြည်သူ့ထံအလင်းဝင်တဲ့ တပ်သားတွေ ၅၀ ကျော်ထိရှိနေပြီး မောရဝတီရေတပ်စခန်းဌာနချုပ်က အရာခံဗိုလ်တစ်ဦး အပါအဝင် အဖွဲ့လိုက်စွန့်ခွာခဲ့တဲ့ တပ်သား နှစ်ဆယ်ကျော်ထိ ရှိနေတယ်လို့ စခန်းအနီးက ဒေသခံတွေထံက သိရပါတယ်။