စစ်အုပ်စုရဲ့ ဗဟိုဘဏ်က ကန်ဒေါ်လာ ၁၅သန်းကို စျေးပြိုင်စနစ်နဲ့ ထပ်မံရောင်း

၁၃၊ စက်တင်ဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ဗဟိုဘဏ်က စက်တင်ဘာလ ၁၃ရက်နေ့မှာ အမေရိကန်ဒေါ်လာ ၁၅သန်းကို စျေးပြိုင်လေလံစနစ်နဲ့ ထပ်မံရောင်းချခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

လေလံအတွက် ပျှမ်းမျှငွေလဲလှယ်နှုန်းထားမှ တစ်ဒေါ်လာကို ၁၇၅၀ကျပ်အဖြစ် သတ်မှတ်ပြီး ရောင်းချလိုက်တာပါ။

အခုလို ရောင်းချပြီးနောက် ပြင်ပနိုင်ငံခြားငွေရောင်းဝယ်ရေး စျေးကွက်မှာ ဒေါ်လာစျေးနဲ့ ရွှေစျေးနှုန်းတွေ အနည်းငယ် ပြန်လည်ကျဆင်းခဲ့ပြီး ပြင်ပနိုင်ငံခြားငွေ လဲလှယ်နှုန်းမှာ တစ်ဒေါ်ကို ၂၀၅၀ကျပ်ကနေ ၁၉၉၀ကျပ်ခန့်ထိ ကျဆင်းခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူပြီးနောက် ဗဟိုဘဏ်ကနေ ဇူလိုင်လနဲ့ ဩဂုတ်လမှာ အမေရိကန် ၆၇သန်းအထိ ရောင်းချခဲ့ပြီး အခု စက်တင်ဘာလမှာ ပထမဆုံးအကြိမ်အဖြစ် ၁၅သန်းအထိ ရောင်းချခဲ့တာပဲဖြစ်ပါတယ်။

Delta News Agency

Read Previous

နည်းပြဘဝ ပွဲတစ်ထောင်ပြည့်မှာ နိုင်ပွဲရခဲ့တဲ့ မော်ရင်ညို

Read Next

လေးကေ(BGF)စခန်းက စခန်းပြုပြင်ရန်အတွက် ပြည်သူတွေကို လုပ်အားပေး အဓမ္မခိုင်းစေခဲ့