တရုတ်ကွန်မြူနစ်ပါတီရဲ့ အွန်လိုင်းအစည်းအဝေးကို NLD ပါတီ တက်ရောက်

၁၀၊ စက်တင်ဘာလ၊ ၂၀၂၁။

တရုတ်ကွန်မြူနစ်ပါတီနဲ့ အာရှဒေသတွင်းက နိုင်ငံရေးပါတီတွေရဲ့ မ​နေ့ကပြုလုပ်တဲ့ အွန်လိုင်း အစည်းအဝေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကိုယ်စားပြုအ​နေနဲ့ စမ်းချမ်းမြို့နယ်၊ ပါတီအလုပ်အမှု​ဆောင်အဖွဲ့ ဒုတိယဥက္ကဌ ဦးဘ်ိုဘိုဦးတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်မြန်မာစစ်တပ်ဟာ ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းပြီး ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပါတီ NLD ရဲ့ ခေါင်းဆောင်တွေနဲ့ ပါတီဝင်အများအပြားကို ဖမ်းဆီးထားချိန်မှာ အင်အားကြီးတရုတ်နိုင်ငံရဲ့ကွန်မြူနစ်ပါတီက NLD ကို ဖိတ်ကြားတက်ရောက်စေခဲ့တာဖြစ်ပါတယ်။

 

အဲဒီအစည်းအ​ဝေးကို မြန်မာနိုင်ငံက နိုင်ငံရေးပါတီလေးခုကို ဖိတ်ကြားတက်ရောက်စေခဲ့တာဖြစ်ပြီး အခြား သုံးပါတီတော့ ပြည်ခိုင်ဖြိုး၊ ရခိုင်အမျိုးသားပါတီနဲ့ လီဆူအမျိုးသားဖွံ့ဖြိုးရေးပါတီတို့ဖြစ်တယ်လို့ သိရပါတယ်။

တရုတ်ကွန်မြူနစ်ပါတီနဲ့ အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံတွေက နိုင်ငံရေးပါတီတွေဟာ ‘နိုင်ငံရေးပါတီများ ပေါင်းစည်းစွမ်းအားနှင့်ဆောင်ရွက်ခြင်းအားဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့’ ဆိုတဲ့ ခေါင်းစဉ်နဲ့ အွန်လိုင်းအစည်း အဝေးပြုလုပ်ခဲ့တာဖြစ်ပြီး NLD ကိုယ်စားပြုအဖြစ် စမ်းချောင်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦး ဘိုဘိုဦး တက်​ရောက်ခဲ့တာ ဖြစ်ပါတယ်။