ဖယ်ခုံတိုက်ပွဲအတွင်း စစ်အုပ်စုဝင် ၅ဦးသေ 

၈၊ စက်တင်ဘာလ၊ ၂၀၂၁။

ဖယ်ခုံမြို့နယ် ကုန်းဆုံကျေးရွာအုပ်စု ပူချယ်ကျေးရွာ အဝင်မှာ စက်တင်ဘာလ ၈ရက်နေ့ မနက် ၉နာရီခန့်က စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ဖယ်ခုံအခြေစိုက် KNDF တပ်ရင်းနဲ့ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်တို့က မိုးဆွဲတိုက်ခိုက်မှုအပြီးမှာ ၂၅မိနစ်ခန့်ကြာ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုဘက် ၅ဦး သေဆုံးသွားတယ်လို့ KNDF သတင်းနဲ့ပြန်ကြားရေးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ပွဲအပြီးမှာ အကြမ်းဖက်စစ်အုပ်စုက ဆိုင်ကယ်စီးလာတဲ့ အပြစ်မဲ့ပြည်သူနှစ်ဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

 

စက်တင်ဘာလ ၇ရက်နေ့ ညပိုင်းက ဖြစ်ပွါးခဲ့တယ် ဒီမော့ဆိုမြို့နယ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ ရဲစခန်းကို သိမ်းပိုက်နိုင်ခြင်းမရှိပေမဲ့ KNDFဘက်မှာ ထိခိုက်မှုတွေလည်း မရှိခဲ့ဘူးလို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ဒီမော့ဆိုမြို့နယ် ဒေါပိုးစီနဲ့ စံပြ (၆) ကျေးရွာမှာ တပ်စွဲထားပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးတာ အဖိုးတန်ပစ္စည်းတွေကို လုယက်တာတွေ လုပ်ဆောင်နေတယ်လို့ KNDFက သတင်းထုတ်ပြန်ထားပါတယ်။

Delta News Agency

Read Previous

တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ အင်အား ၁၀၀နဲ့ NUG ​တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဆီ ပူး​ပေါင်း

Read Next

ရေကြည်မြို့နယ် ဇရပ်လှကျေးရွာတွင် ဗုံးပေါက်