၅၊ စက်တင်ဘာ၊ ၂၀၂၁။
ပုလောမြို့နယ်မှာ စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့က CDMဝန်ထမ်းတွေနဲ့ နေရပ်ပြန်လာလိုတဲ့ ပြည်သူတွေကို နေရပ်ပြန်လာပါက ဖမ်းဆီးမှုတွေ မလုပ်ဘူးလို့ မြှူဆွယ်တဲ့ စာရွက်တွေကို လိုက်လံဖြန့်ဝေနေပါတယ်။
လူသတ်၊မီးရှို့၊အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ထားခြင်းမရှိပါက နေရပ်ပြန်လိုတဲ့ ပြည်သူတွေနဲ့ CDMဝန်ထမ်းတွေအနေနဲ့ သူတို့ထုတ်ပြန်ထားတဲ့ ဖုန်းတွေကို ဆက်သွယ်ပြီး အကြောင်းကြားပေးရမယ်လို့ စာရွက်တွေမှာ ရေးသားထားပါတယ်။
“ဘဘဦးဝင်းတင်ပြောသလိုပဲ ပြောရမယ် ကျွန်တော်တို့ကတော့ စစ်အာဏာရှင်ကို လုံးဝမယုံဘူး၊ ဖမ်းမှာဆိုးလို့ ရှောင်တိမ်းနေရတာကို လာအဖမ်းခံပါလို့ ပြောနေသလိုပဲ၊ အခုတောင် မဲမဲမြင်သမျှ လိုက်ကိုက်နေကြတာကို သူတို့ကိုယုံပြီး သွားပေါင်းရအောင် သူတို့လို့ ခေါင်းမရှိသူတွေမဟုတ်ဘူး”လို့ တနင်္သာရီတိုင်းက CDM ကျောင်းဆရာတစ်ဦးကပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုက အခုလို မြှူဆွယ်စာတွေကို လိုက်လံဖြန့်ဝေနေပေမဲ့ မြေပြင်မှာတော့ နေ့စဉ်လိုလို CDMဝန်ထမ်းတွေကို လိုက်လံဖမ်းဆီးတာ နေအိမ်တွေကို ဝင်ရောက်ရှာဖွေပြီး မတွေ့ရှိပါက မိသားစုဝင်တွေကို ဖမ်းဆီးသွားတာတွေ လုပ်ဆောင်နေပါတယ်။