မန္တလေးက မြို့နယ်စစ်ဆေးရေးဂိတ်တစ်ခု ဗုံးပေါက်

၂၉၊ ဩဂုတ်လ၊ ၂၀၂၁။

မန္တလေးမြို့မှာ ဩဂုတ်လ ၂၉ရက်နေ့ မနက် ၈နာရီခန့်က ချမ်းမြသာစည်မြို့နယ်နဲ့ ပြည်ကြီးတံခွန်မြို့နယ်တို့ကြားက အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်အနီးမှာ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပါတယ်။

၆၂လမ်း၊ ၁၂၂လမ်းနဲ့ ၁၁၃လမ်းကြား သစ်တောရုံးရှေ့မှာ ရပ်ထားတဲ့ စစ်အုပ်စုရဲ့ ယာဉ်တန်းအောက်မှာ ပေါက်ကွဲခဲ့တာပါ။

ပေါက်ကွဲမှုကြောင့် စစ်အုပ်စုဝင်တစ်ဦးနဲ့ အနီးဝန်းကျင်နေထိုင်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အသံကတော့ အကျယ်ကြီးပဲ စစ်ဆေးရေးဂိတ်မှာ လာပြီးတော့ တပ်ချထားတဲ့ စစ်ကားတွေနားမှာ ပေါက်တာ နှစ်ယောက်တော့ နည်းနည်းထိသွားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပေါက်ကွဲမှုတွေ ဖြစ်ပွါးပြီးနောက်မှာ စစ်အုပ်စုက စစ်ဆေးရေးဂိတ်ကို လုံခြုံရေး တိုးမြှင့်နေပြီး အကာအရံတွေပါ တည်ဆောက်နေတယ်လို့ သိရပါတယ်။