ရွှေဘုံသာအနီးမှာ အကြမ်းဖက်စစ်အုပ်စုသင်္ဘောကို KIAတိုက်ခိုက်

၁၈၊ ဩဂုတ်လ၊ ၂၀၂၁။

ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာနဲ့ ရွှေဘုံသာကျေးရွာ အနီးမှာ ဩဂုတ်လ ၁၈ရက်နေ့ ညနေ ၃နာရီခန့်က အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်သင်္ဘောဖြတ်လာချိန်မှာ KIAက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“သင်္ဘောကို ပစ်နေပြီ။ ကျောက်ကြီးနဲ့ ရွှေဘုံသာနားမှာပစ်နေတာ။ ၃နာရီလောက်ကနေပစ်တာ။ သင်္ဘောတော့ တစ်စီးထဲပဲ ဟုတ်တယ်။

နှစ်ဖက်လုံးပစ်တာ။ KIA ပစ်တာယမ်းငွေ့တောင် မြင်နေရတယ်”လို့ ဒေသခံတစ်ဦးက The 74 Mediaမှာ ပြောကြားထားပါတယ်။

ရွှေကူမြို့အနီးမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်သင်္ဘောတွေကို KIAက မကြာခဏ ကြားဖြတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
Credit- The 74 Media