ကိုဗစ်ဖြစ်နေတဲ့ အကောက်ခွန်ညွှန်ချုပ် ဦးကျော်ထင်ကို စစ်တပ်က လာဖမ်း

၂၄ ၊ ဇူလိုင်လ ၊ ၂၀၂၁ ။

အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကျော်ထင်ကို ဇူလိုင်လ(၂၃)ရက်နေ့ညက ရန်ကုန်မြို့ သူရဲ့နေအိမ်မှာ အကြမ်းဖက်စစ်အုပ်စုက လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ အကောက်ခွန်၀န်ထမ်း အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။

ဦးကျော်ထင်အပြင် ဒုတိယညွှန်ကြားရေးမှူးချုပ်(အမည်မသိရသေး)လည်း ဖမ်းဆီးခံလိုက်ရတာပါ။

သူတို့နှစ်ဦးစလုံးဟာ ကိုဗစ်ရောဂါကူးစက်ခံထားရပြီး PPE ၀တ်စုံတွေနဲ့ လာရောက်ဖမ်းဆီးသွားတာလို့ သတင်းအရစ်အမြစ်တွေက ဆိုပါတယ်။

ဦးကျော်ထင်ဟာ ဒီချုပ်အစိုးရလက်ထက်ကတည်းက အကောက်ခွန်ညွှန်ချုပ်ရာထူးတာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိမှာလည်း အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကနေ ဆက်လက်တာဝန်ပေးအပ်ခံထားရသူပါ။ သူဟာ ဦးပိုင်လုပ်ငန်းကနေ နှုတ်ထွက်ထားတဲ့ဗိုလ်မှူးဟောင်း တစ်ယောက်လည်းဖြစ်ပါတယ်။