ဒီနေ့ ပုသိမ်ကိုဗစ်လူနာ ၄၄ဦးသေဆုံး

၂၄ ၊ ဇူလိုင်လ ၊ ၂၀၂၁ ။

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့မှာ ဒီနေ့ (ဇူလိုင်လ ၂၄)ရက်နေ့ ညနေပိုင်းအထိ သေဆုံးသူ စုစုပေါင်း ၄၄ဦးရှိတယ်လို့ ပုသိမ်အခြေစိုက် လှုမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

 

ပုသိမ်ဆေးရုံကြီးမှာ (၁၀) ဦး ၊ မဆရ(၄)တောင်ပေါ်ဆေးရုံမှ (၁)ဦးနဲ့ နေအိမ်တွေမှာ သေဆုံးတာ ၃၃ဦး စုစုပေါင်း (၄၄)ဦး ဖြစ်ပါတယ်။

လက်ရှိတစ်နိုင်ငံလုံး ကိုဗစ်ရောဂါကူးစက်ပျံပွားမှု မြင့်တက်နေရာ ပုသိမ်မြို့မှာ ဇူလိုင်လ ၁ရက်နေ့ကနေ ဒီနေ့အထိ ကိုဗစ်လူနာသေဆုံးသူ စုစုပေါင်း ၆၁၆ဦး ရှိလာပါပြီလို့ မနောဖြူလူမှုကူညီရေးအသင်းရဲ့ မှတ်တမ်းတွေအရသိရပါတယ်။

 

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ နေ့စဉ် ကိုဗစ်လူနာသေဆုံးစာရင်းနဲ့ယှဉ်ရင် မြေပြင်မှာလုပ်ဆောင်နေတဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေဆီက သိရတဲ့ သေဆုံးအရေအတွက်က ပိုများနေတာ တွေ့ရပါတယ်။