
ဒုံးကျည်တွေအတွက် မလေးရှားက စာချုပ်ချုပ်ဆိုထားတဲ့ နော်ဝေ ကာကွယ်ရေးကုမ္ပဏီKongsberg Defence & Aerospace (KDA) ဆီကနေ ငွေပြန်မတောင်းခင် နော်ဝေအစိုးရအနေနဲ့ကိုယ်တိုင် အရင်ဆုံး စိုက်လျော်ပေးဖို့ စဉ်းစားသင့်တယ်လို့ ခါလစ်က အကြံပြုထားပါတယ်။
၃၊ ဇွန်။
ဖျက်သိမ်းလိုက်တဲ့ ဒုံးကျည်ဝယ်ယူရေး သဘောတူညီချက်အတွက် ရင်းဂစ် ၁ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၂၅၁.၅ သန်း) ပြန်အမ်းငွေကို အမြန်ဆုံးရအောင် ကူညီပေးဖို့ မလေးရှားနိုင်ငံက နော်ဝေကို တိုက်တွန်းလိုက်ပါတယ်။
မလေးရှား ကာကွယ်ရေးဝန်ကြီး မိုဟမ်မဒ် ခါလစ် နော်ဒင်က သl နော်ဝေနိုင်ငံခြားရေးရာဝန်ကြီး တိုရီအိုဆန်းဗစ်နဲ့ မကြာခင်က တွေ့ဆုံခဲ့ပြီး ပြဿနာရဲ့ အရင်းခံဟာ ပို့ကုန်လိုင်စင်ကိုရုပ်သိမ်းဖို့ နော်ဝေရဲ့ ဆုံးဖြတ်ချက်ကြောင့် ဖြစ်တယ်ဆိုတာကို ပြောကြားခဲ့တယ်လို့ ဇွန် ၂ ရက်၊အင်္ဂါနေ့ မှာ ပြောလိုက်ပါတယ်။
“အရာအားလုံးရဲ့ အစက မလေးရှားကို ပို့ကုန်လိုင်စင် ခွင့်မပြုဖို့ နော်ဝေရဲ့ ဆုံးဖြတ်ချက်ကြောင့်ပါပဲ”လို့ ခါလစ်က အခမ်းအနားတခုမှာ ပြောပါတယ်။ “ဒါကြောင့် နော်ဝေအနေနဲ့ ဒီကိစ္စမှာ လက်ရှောင်လို့ မရပါဘူး၊ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ဆုံးဖြတ်ချက်က ဒီပြဿနာကို ဖြစ်စေခဲ့တာမို့လို့ပါ”လို့ သူက ဆက်ပြောပါတယ်။
မလေးရှားနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ထိန်းသိမ်းဖို့ နော်ဝေဘက်က စိတ်ရင်းမှန်ရှိရင် ပြန်အမ်းငွေလုပ်ငန်းစဉ် အဆင်ပြေချောမွေ့အောင် ကူညီပေးသင့်တယ်လို့ ဆန်းဗစ်ကို သူပြောခဲ့ကြောင်း မလေးရှား သတင်းဌာနဖြစ်တဲ့ The Star က ဖော်ပြထားပါတယ်။
“ နော်ဝေက မလေးရှားနဲ့ ခင်မင်ရင်းနှီးမှုကို တကယ်ပဲ ထိန်းသိမ်းချင်တယ်ဆိုရင် ရင်းဂစ် ၁ ဘီလီယံကျော်ကို ပြန်ပေးဖို့ ဦးစားပေးပြီး ကူညီပေးနိုင်ပါတယ်” လို့ သူက ပြောပါတယ်။
ဒုံးကျည်တွေအတွက် မလေးရှားက စာချုပ်ချုပ်ဆိုထားတဲ့ နော်ဝေ ကာကွယ်ရေးကုမ္ပဏီKongsberg Defence & Aerospace (KDA) ဆီကနေ ငွေပြန်မတောင်းခင် နော်ဝေအစိုးရအနေနဲ့ကိုယ်တိုင် အရင်ဆုံး စိုက်လျော်ပေးဖို့ စဉ်းစားသင့်တယ်လို့ ခါလစ်က အကြံပြုထားပါတယ်။
“စာချုပ်ကို မလိုက်နာနိုင်တဲ့ ကုမ္ပဏီက နော်ဝေကုမ္ပဏီ ဖြစ်ပါတယ်။ အစိုးရတရပ်အနေနဲ့ နော်ဝေဟာ မလေးရှားကို အကန့်အသတ်မရှိ စောင့်ခိုင်းမယ့်အစား ကုမ္ပဏီနဲ့ ညှိနှိုင်းပေးနိုင်ပါတယ်” လို့ သူက ထပ်လောင်းပြောပါတယ်။
မလေးရှားဟာ သူ့ရဲ့ ကမ်းနီးတိုက်ခိုက်ရေးသင်္ဘော (LCS) ခြောက်စင်းအတွက် နော်ဝေကုမ္ပဏီဆီက Naval Strike Missile စနစ်ကိုဝယ်ယူခဲ့တာပါ။
၂၀၁၈ ခုနှစ် အဆိုပါစာချုပ်အရ ပို့ကုန်လိုင်စင်ကို ခွင့်ပြုဖို့ နော်ဝေကမေလ ၁၄ ရက်မှာ ငြင်းဆန်ခဲ့ပါတယ်။
မေလ ၁၉ ရက်နေ့မှာ နော်ဝေဘက်က ပို့ကုန်လိုင်စင်ကို တဘက်သတ် မရုပ်သိမ်းခင်မှာ မလေးရှားဟာ ကာကွယ်ရေးစာချုပ်တန်ဖိုးရဲ့ ၉၅ ရာခိုင်နှုန်းအထိ ပေးချေထားပြီးဖြစ်ပါတယ်။
ဒါကြောင့် မလေးရှားက KDA ကုမ္ပဏီဆီကနေ နစ်နာကြေး ရင်းဂစ် ၁ ဘီလီယံကျော်ကို တောင်းနေတာပါ။
မလေးရှားအနေနဲ့ တိုက်ရိုက်နဲ့ သွယ်ဝိုက် ကုန်ကျစရိတ် နှစ်ခုလုံးအတွက် လျော်ကြေးတောင်းခံတဲ့ အကြောင်းကြားစာကို ကာကွယ်ရေးကုမ္ပဏီဆီ ပေးပို့ထားပြီးပြီလို့ ခါလစ်က ဖြည့်စွက်ပြောပါတယ်။
အင်္ဂါနေ့က ပြုလုပ်တဲ့ Kota Tinggi
အခမ်းအနားအပြီးမှာတော့ ခါလစ်က နိုင်ငံတော်ရေတပ်အတွက်အစားထိုး ဒုံးကျည်စနစ်တခု ရရှိဖို့ လျော်ကြေးငွေတွေ လိုအပ်နေတယ်လို့ ပြောလိုက်ပြီး အီတလီ၊ ဂျပန်၊ ပြင်သစ်၊ တူရကီနဲ့ တောင်ကိုရီးယားလို နိုင်ငံတွေက ဒုံးကျည်စနစ်တွေကို မလေးရှားက အကဲဖြတ် စိစစ်နေတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
အော်ဒါအသစ် တင်တာက ငါးနှစ်အထိ ကြန့်ကြာမှုတွေ ဖြစ်စေနိုင်တာကြောင့် လက်ရှိ ထုတ်လုပ်နေဆဲဖြစ်တဲ့ ဒုံးကျည်တွေကို ရရှိဖို့ မလေးရှားက ဦးစားပေးလုပ်ဆောင်နေတယ်လို့ သူက ပြောကြောင်း ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။
“ကျွန်တော်တို့ အော်ဒါအသစ် မတင်နိုင်ပါဘူး၊ ဘာလို့လဲဆိုတော့ အကြာကြီး စောင့်ရမှာမို့လို့ပါ။ဒါက ရွေးချယ်စရာ မဟုတ်ပါဘူး။ လက်ရှိ ထုတ်လုပ်နေတဲ့အရာကိုပဲ ကျွန်တော်တို့ လိုချင်ပါတယ်” လို့ သူက ပြောပြီး ဈေးနှုန်းနဲ့ စနစ်တွဲဘက် အသုံးပြုနိုင်မှုတွေကိုလည်း အကဲဖြတ်နေတယ်လို့ ဖြည့်စွက်ပြောပါတယ်။
“အမေရိကန်က သူ့သင်္ဘောတွေအတွက် တချို့ကို ထုတ်လုပ်နေတာ ရှိကောင်းရှိနိုင်သလို အီတလီလည်း အတူတူပါပဲ။ ရနိုင်မယ့် အပိုဒုံးကျည်တွေ ရှိတယ်ဆိုရင် အဲဒါတွေကို အရင် တောင်းခံချင်ပါတယ်” လို့ သူက ပြောပါတယ်။
Ref – CNA