အုပ်ချုပ်ရေးမှူးထောက်ခံစာပါရင်တော့ ဆန် ၁၂ ပြည်နဲ့ စားသုံးဆီ ၅ ပိဿာအထိ သယ်ယူခွင့် ရှိပါတယ်။ ဒါပေမယ့် ထောက်ခံစာ ပါသည်ဖြစ်စေ ၊ မပါသည်ဖြစ်စေ ရေနံဆီနဲ့ ဓာတ်ဆီကိုတော့ သတ်မှတ်ထားတာထက် သယ်ဆောင်ခွင့် မပြု ပါဘူး။
၂၄၊မေလ။
ဧရာဝတီတိုင်း ၊ ရေကြည်မြို့နယ် အနောက်ဘက်ခြမ်း ကျေးရွာတချို့မှာ ဒေသခံတွေက ဆန်နဲ့ စားသုံးဆီ သယ်ယူခွင့်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ပိုက်ဆံပေးနေရပါတယ်။
“အုပ်ကြီးထောက်ခံစာကတော့ 3000/5000 အဆင်ပြေသလိုပေးရတယ်။ တောင်းတဲ့လူရှိသလို ၊ မတောင်းတဲ့လူလည်းရှိပါတယ်။ သက်မှတ်ကြေးတော့မဟုတ်ဘူး” လို့ ဂွေးတောက်အုပ်စုမှာ နေထိုင်သူ တဦးက DNA ကိုပြောပါတယ်။
ငသိုင်းချောင်းမြို့နဲ့ ၇ မိုင်အကွာမှာရှိတဲ့ ရေနံသာစစ်ဆေးရေးဂိတ်က ဒေသခံတွေကို ဆန် ၊ စားသုံးဆီ ၊ ရေနံဆီ ၊ ဓာတ်ဆီ သယ်ယူခွင့်တွေကို ကန့်သက်ပိတ်ပင်ထားတဲ့အတွက် ဆန်နဲ့ စားသုံးဆီ ကို ပိုမိုသယ်ယူလိုသူတွေက အုပ်ချုပ်ရေးမှူးတွေဆီမှာ ထောက်ခံစာလုပ်နေကြရတာပါ။
ရေနံ သာ စစ်ဆေးရေးဂိတ်ဟာ ဆိုင်ကယ်တစ်စီးကို ဆန် ၆ ပြည်နဲ့ ဓာတ်ဆီ ၁ လီတာကို သယ်ယူခွင့်ပြုပါ တယ်။အုပ်ချုပ်ရေးမှူးထောက်ခံစာပါရင်တော့ ဆန် ၁၂ ပြည်နဲ့ စားသုံးဆီ ၅ ပိဿာအထိ သယ်ယူခွင့် ရှိပါတယ်။ ဒါပေမယ့် ထောက်ခံစာ ပါသည်ဖြစ်စေ ၊ မပါသည်ဖြစ်စေ ရေနံဆီနဲ့ ဓာတ်ဆီကိုတော့ သတ်မှတ်ထားတာထက် သယ်ဆောင်ခွင့် မပြု ပါဘူး။
ဒါ့ပြင် ဒေသတွင်းမှာလည်း ဆန် ၊ ရေနံဆီနဲ့ ဓာတ်ဆီတွေကို တဆင့်ခံ ရောင်းချခွင့် ပိတ်ပင်ထားပါတယ်။ “ရေနံဆီနဲ့ ဓာတ်ဆီ လိုသလောက်မရတော့ စိုက်ပျိုးရေးသမားတွေ အခတ်တွေ့တာပေါ့” လို့ မိဿလင်ကျေးရွာအုပ်စုမှာ နေထိုင်သူက ပြောပါတယ်။
ငသိုင်းချောင်းမြို့ပေါ်မှာတော့ ရေနံဆီ ၁ ဂါလံကို ၁၁၅၀၀ ကျပ် ပေါက်ဈေးရှိပေမယ့် အနီးအနားက ကျေးရွာတွေမှာတော့ အကွာအဝေးပေါ်မှုတည်ပြီး ၁၂၀၀၀ ကျပ်ကနေ ၁၃၀၀၀ ကျပ်အထိ ပေါက်ဈေးရှိ နေပါတယ်။ ဓာတ်ဆီကတော့ ပန့်ဆိုင်ကြီးတွေမှာ တစ်လီတာကို ကျပ် ၂၉၀၀ ဝန်းကျင်ပေါက်ဈေးရှိပါ တယ်။
ရေနံသာဂိတ်အနောက်ဘက်က ကျေးရွာတွေမှာတော့ စက်သုံးဆီရောင်းချခွင့်မရှိတာကြောင့် ဒေသတွင်း ပေါက်ဈေးဆိုတာမရှိပါဘူး။ ဒါပေမယ့်လည်း အချင်းချင်း အပိုရှိသူတွေက ပြန်လည်မျှဝေရောင်းချတဲ့ ဈေးနှုန်းကတော့ ဓာတ်ဆီ တလီတာကို ၄ ထောင်ကျပ် ကနေ ၅ ထောင်အထိပေါက်ဈေးရှိပါတယ်။
စစ်ကောင်စီဟာ အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေဆီကို ဆန်နဲ့ စက်သုံးဆီတွေ မရောက်ရှိဖို့ အတွက် ဒေသခံတွေရဲ့ နေ့စဉ် ဆန် ၊ ဆီ လိုအပ်ချက်တွေကို ကန့်သက်ပိတ်ပင် နေတာဖြစ်ပါတယ်။