စစ်ကောင်စီကြောင့်စပါးစျေးကျပြီးဆန်စျေးမြင့်တက်နေရ

“စစ်ကောင်စီရဲ့ သက်မှတ်ဈေးမြင့်နေတာ။ လက်လီသမားတွေက အဲ့ဈေးတွေနဲ့ မှေးရောင်းတာ ဝိနည်း လွတ်တယ်လေ။ အဲ့ဒါကြောင့် လက်လီဝယ် စားတဲ့သူက ဆန်ဈေးမကျပါဘူးဖြစ်နေတာ!!! လို့ စပါးဈေး ကျဆင်းပြီး ဆန်ဈေးမြင့်တက်နေရတဲ့ အကြောင်းအရင်းနဲ့ပတ်သက်လို့ ဆန်စက်လုပ်ငန်းရှင်က ပြောပါ တယ်။”

၇၊မေ

စပါးဈေးနှုန်းကျဆင်းပြီး ဆန်ဈေးနှုန်းမြင့်တက်နေရခြင်းကဈေးကွက်နဲ့လိုက်လျောညီထွေမှုမရှိတဲ့ စစ် ကောင်စီရဲ့ ဆန်ဈေးနှုန်းသက်မှတ်ချက်ကြောင့် ဖြစ်ပေါ်လာရတာလို့ ဧရာဝတီတိုင်းမှာနေထိုင်တဲ့ ဆန် စက်လုပ်ငန်း ရှင်တဦးကပြောပါတယ်။

စစ်ကောင်စီရဲ့ ဌာနဆိုင်ရာတခုဖြစ်တဲ့ စားသုံးသူရေးရာဦးစီးဌာနဟာ လစဉ်လတိုင်း ဈေးနှုန်းသက်မှတ် ချက်တွေထုတ်ပြန်ပေးနေပါတယ်။

ဒီဈေးနှုန်းသက်မှတ်ချက်တွေဟာ ပြည်ပဆန်တင်ပို့မှုဈေးကွက်ကို သာမက ပြည်တွင်းဆန်ဈေးကွက်ကိုပါ ရိုက်ခတ်မှုတွေဖြစ်ခဲ့တာလို့ ဆန်ကုန်သည်တစ်ချို့ကပြောပါ တယ်။

ဧရာဝတီတိုင်းဒေသကြီးထဲမှာ ရက် ၉၀  စပါး တင်း ၁၀၀ ကို ကျပ် ၁၃ သိန်းဝန်းကျင်သာ ပေါက်ဈေး ရှိပေမယ့် စစ်ကောင်စီရဲ့ ဆန်ဈေးနှုန်းသက်မှတ်ချက်မှာ ရက် ၉၀ ဆန် (အသစ်) ၁၀၈ ပေါင် တစ်အိတ်ကို ကျပ် ၇ သောင်း ၅ ထောင်အထိရှိပါတယ်။

စပါးတင်း ၁၀၀ ကို ဆန်အဖြစ်ကြိတ်ခွဲတဲ့အခါမှာတော့ ၁၀၈ ပေါင် ဆန်အိတ် ၂၀ နဲ့ ၁၀၈ ပေါင် ဆန်ကွဲ ၁၀ အိတ် ပျမ်းမျှထွက်ရှိပါတယ်။ လက်လီရောင်းချသူတွေကတော့ ဆန်ဈေးကို စစ်ကောင်စီသက်မှတ် ဈေးနဲ့ တန်းညှိပြီးရောင်းချကြတာပါ။

!!!! စစ်ကောင်စီရဲ့ သက်မှတ်ဈေးမြင့်နေတာ။ လက်လီသမားတွေက အဲ့ဈေးတွေနဲ့ မှေးရောင်းတာ ဝိနည်း လွတ်တယ်လေ။ အဲ့ဒါကြောင့် လက်လီဝယ် စားတဲ့သူက ဆန်ဈေးမကျပါဘူးဖြစ်နေတာ!!! လို့ စပါးဈေး ကျဆင်းပြီး ဆန်ဈေးမြင့်တက်နေရတဲ့ အကြောင်းအရင်းနဲ့ပတ်သက်လို့ ဆန်စက်လုပ်ငန်းရှင်က ပြောပါ တယ်။

လက်ရှိနွေစပါးပေါ်ချိန်မှာ ပြည်ပဆန်ဈေးကွက်က ကျဆင်းနေပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ဗီယက်နမ်နိုင်ငံက ဆန်ဈေးနှုန်းကို လျော့ချပြီးရောင်းချခဲ့တာကြောင့်လို့ ဆန်ကုန်သည်တွေကပြောပါ တယ်။ မြန်မာနိုင်ငံက ပြည်ပကိုဆန်တင်ပို့သူတွေက စစ်ကောင်စီရဲ့ ဆန်ဈေးသက်မှတ်ချက်မြင့်မားမှု ကြောင့် လုပ်ငန်းလည်ပတ်နိုင်ခြင်းမရှိခဲ့ပါဘူး။

!!!နွေစပါးပေါ်ကာစက စပါးဈေးက ၁၈ သိန်း ၁၉ သိန်းရှိတယ်။ Exporter တွေက သက်မှတ်ဈေးဆိုရင် မကိုက်တော့မဝယ်ဘူး။ တကယ်တမ်းစပါးပေါပေါသီသီလည်းထွက်လာရော အဝယ်မရှိတော့ ၁၂ သိန်း ၁၃ သိန်းပဲ ဝယ်ကြရော!!! လို့ ဆန်စက်လုပ်ငန်းရှင်ကပြောပါတယ်။

စစ်ကောင်စီကတော့ ၂၀၂၅ ခုနှစ် မတ်လထဲမှာ ပြည်ပ ၂၁ နိုင်ငံကို ဆန်မက်ထရစ်တန်ချိန် ၉၉၅၅ တင်ပို့ နိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံက ဆန်ဝယ်ယူတဲ့ ပြည်ပနိုင်ငံတွေထဲမှာတော့ တရုတ်နိုင်ငံ က ထိပ်ဆုံးကရှိနေခဲ့ပြီး စပိန်နိုင်ငံက ဒုတိယနေရာမှာရှိနေပါတယ်။