အိန္ဒိယက ပါကစ္စတန်ကို လေကြောင်းကနေ တိုက်ခိုက်ပြီးနောက် နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုတင်းမာ

 

ပါကစ္စတန်နိုင်ငံခြားရေး ဝန်ကြီးဌာနက အိန္ဒိယရဲ့ လေကြောင်း တိုက်ခိုက်မှုဟာ အကြောင်းမဲ့ တိုက်ခိုက်မှုဖြစ်ပြီး ဗြောင်ကျကျ စစ်တိုက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အသိပေးထားပါတယ်။

၇၊ မေ

ကက်ရှ်မီးယားဒေသမှာ စစ်သွေးကြွတွေ တိုက်ခိုက်လို့ ခရီးသွား ၂၆ ဦးသေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး အိန္ဒိယ-ပါကစ္စတန်အကြား ဆက်ဆံရေးတင်းမာမှုတွေ ရှိနေတဲ့ကြားကပဲ  ပါကစ္စတန်နဲ့ ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားက နေရာကိုးခုကို အိန္ဒိယက တိုက်ခိုက်လိုက်ပါတယ်။

မေလ ၇ရက် ဒီကနေ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့  ပါကစ္စတန်အနေနဲ့ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းရဲ့ အပိုဒ် ၅၁ နဲ့ နိုင်ငံတကာဥပဒေတွေမှာ ပြဌာန်းထားတဲ့အတိုင်း သင့်လျှော်တဲ့ တုံ့ပြန်မှုအတိုင်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အသိပေးပါတယ်။

အိန္ဒိယဘက်ကတော့ သူတို့ ပစ်မှတ်ထားတိုက်ခိုက်လိုက်တဲ့ နေရာကိုးခုဟာ ပါကစ္စတန်အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသက အကြမ်းဖက်သမားတွေရဲ့ နေရာတွေကို အဓိက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဒီကနေ့ မေလ ၇ ရက်နေ့မှာ ထုတ်ပြန်အသိပေးထားပါတယ်။

ပါကစ္စတန်နိုင်ငံခြားရေး ဝန်ကြီးဌာနက အိန္ဒိယရဲ့ လေကြောင်း တိုက်ခိုက်မှုဟာ အကြောင်းမဲ့ တိုက်ခိုက်မှုဖြစ်ပြီး ဗြောင်ကျကျ စစ်တိုက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အသိပေးထားပါတယ်။

ကစ္စတန်ရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်တာဖြစ်တယ်”လို့ ဆိုပြီး အခုလို လက်နက်တွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်လိုက်တဲ့ လုပ်ရပ်ဟာ နိုင်ငံရဲ့ လေကြောင်းသွားလာမှုတွေနဲ့ စီးပွားရေးဆိုင်ရာအတွက်ပါ ဆိုးရွားတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အိန္ဒိယဘက်ကတော့ ဒီပစ်ခတ်တိုက်ခိုက်မှုကို “ဆင်ဒူးစစ်ဆင်ရေး” လို့ အမည်ပေးထားပြီး ပါကစ္စတန်စစ်တပ်ကို ပစ်မှတ်ထား တိုက်ခိုက်တာမလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

အဲ့ဒီ့တိုက်ခိုက်မှုကြောင့် လူရှစ်ဦးသေဆုံးပြီး ၃၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

လက်ရှိမှာ ပါကစ္စတန်ဘက်ကလည်း အိန္ဒိယ ဂျက်တိုက်လေယာဉ်သုံးစင်းကို ပစ်ချခဲ့တယ်လို့ ကနဦးအသိပေးထားပြီး ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အိန္ဒိယဘက်က ဖြေရှင်းတာ မရှိသေးပါဘူး။

အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသ Srinagar အနီးမှာတော့ ပျက်စီးနေတဲ့ လေယာဉ် အစိတ်အပိုင်းတချို့ ကိုလည်း နိုင်ငံတကာသတင်းဓာတ်ပုံတွေမှာ တွေ့ရပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက အိန္ဒိယနဲ့ ပါကစ္စတန်ရဲ့ လက်ရှိ အဖြစ်အပျက်တွေကို အနီးကပ် စောင့်ကြည့်နေပြီး နှစ်ဘက်စလုံး အမြန်ဆုံး ဆွေးနွေးကြဖို့လည်း X လူမှုကွန်ရက်မှာ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အမေရိကန်သမ္မတ ထရမ့်ရဲ့ သဘောထားအတိုင်း ငြိမ်းချမ်းတဲ့ ဆုံးဖြတ်ချက်တစ်ခုဆီရောက်အောင် အိန္ဒိယနဲ့ ပါကစ္စတန်ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံသွားမယ်လို့လည်း ဆိုပါတယ်။

Ref – Aljazeera