မေလ ၃ ရက်နေ့ဟာ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့် နေ့ ဖြစ်ပါတယ်။

 

၃၊မေလ

သတင်းလွတ်လပ်ခွင့်ဆိုတာ ယဉ်ကျေးပြီးလွတ် လပ်လင်းပွင့်တဲ့ လူ့အဖွဲ့အစည်းအတွက် မဖြစ်မနေ အလေးထားရမယ့် စံတန်ဖိုးတခု ဖြစ်ပါတယ်။ သတင်းလွတ်လပ်ခွင့်အတွက် ကမ္ဘာနိုင်ငံအသီးသီးက သတင်းစာဆရာတွေဟာ သက်ဆိုင်ရာ နယ်ပယ် တိုင်းမှာ ခက်ခက်ခဲခဲ ကြိုးစားဆောင်ရွက် နေကြပါတယ်။

သတင်းစာဆရာတွေကို အကျဥ်းချရာမှာ အဆိုးဆုံး တိုင်းပြည်တွေ အဖြစ် တရုတ်၊ အစ္စရေးနဲ့ မြန်မာတို့က ထိပ်ဆုံးမှာ ရှိနေတယ်လို့ သတင်းစာဆရာများ ကာကွယ်ရေး ကော်မတီ CPJ က စာရင်းပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ကထုတ်ပြန်တဲ့ သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းမှာလည်း မြန်မာနိုင်ငံက အဆင့် ၁၇၁ ဖြစ်နေပြီး သတင်းသမားတွေအတွက် အန္တရာယ်အများဆုံး နိုင်ငံတွေစာရင်းမှာလည်း ပါဝင်နေပါသည်။

၂၀၂၀ ရွေးကောက်ပွဲကနေ ဒီမိုကရေစီနည်းကျ လူ ထုတင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကို ဖမ်း ဆီးထောင်ချခဲ့ပြီး အာဏာသိမ်းထားတဲ့ စစ်အုပ်စုဟာ နိုင်ငံအတွင်းမှာရှိတဲ့ ဖြစ်ရပ်တွေနဲ့ သတင်းအချက်အလက်တွေကို အမှောင်ချပြီး ပြည်သူတွေ အမှန်တရားကို လွတ်လပ်စွာ မပြောဆိုရဲအောင် အဖက်ဖက်က ဖိနှိပ်ချုပ်ခြယ်လျှက် ရှိပါတယ်။

လွတ်လပ်တဲ့ သတင်းဌာနတွေကို ပိတ်သိမ်းတာ သတင်းစာဆရာတွေကို ဖမ်းဆီးထောင်ချတာနဲ့ ပြည်သူတွေရဲ့ လွတ်လပ်စွာ သတင်းသိပိုင်ခွင့်၊လွတ်လပ်စွာ ရေးသားပြောဆိုပိုင်ခွင့်တွေကို ထိန်း ချုပ်နိုင်ဖို့ အင်တာနက် အသုံးပြုခွင့်တွေကိုကန့် သတ်တာတွေလည်း လုပ်ဆောင်နေပါတယ်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ အခြေစိုက်ပြီး ဒေသတွင်းသတင်းတွေကို တင်ဆက်ခဲ့တဲ့ DNA (Delta News Agency) ကို စစ်ကောင်စီက ၂၀၂၁ အောက်တိုဘာလမှ ရေးသားထုတ်ဝေခွင့် ပိတ်သိမ်းခဲ့ပြီး အယ်ဒီတာအဖွဲ့ကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။DNA သတင်းဌာနရဲ့ သတင်းထောက်ဟောင်း တဦးဖြစ်တဲ့ ကိုမျိုးစံစိုးဟာလည်း ပုသိမ်အကျဉ်းထောင်
မှာ ဖမ်းဆီး အကျည်းချ ခံနေရဆဲ ဖြစ်ပါတယ်။

မြန်မာသတင်းသမားတွေ နဲ့ လူ့အခွင့်အရေးကာ ကွယ်သူတွေအတွက် ပံ့ပိုးကူညီမှုတွေ ပေးနေတဲ့ Exile Hub အဖွဲ့က တာဝန်ရှိသူတဦးဖြစ်တဲ့ Ma Zee က “ သတင်းလွတ်လပ်ခွင့်နေ့မှာ လွတ်လပ်စွာ ရေးသားထုတ်ဖေါ် ပြောဆိုခွင့် ရရှိဖို့ ရင်းနှီးပေးဆပ် မှုပေါင်းများစွာနဲ့ တိုက်ပွဲဝင်နေကြတဲ့ ကမ္ဘာ့တလွှားက သတင်းမီဒီယာတွေ ၊ သတင်းသမားတွေနဲ့ သတင်းရင်းမြစ် အားလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ် ပြုချင်ပါတယ်လို့ Exile Hub အဖွဲ့ရဲ့ ကမ္ဘာ့စာနယ် ဇင်းလွတ်လပ်ခွင့်နေ့ ထုတ်ပြန်ချက်မှာ ထည့်သွင်း ပြောထားပါတယ်။

ကမ္ဘာစာနယ်ဇင်းလွတ်လပ်ခွင့် အတွက် ရပ်တည်ရုန်းကန်ကြရတာ သတင်းမီဒီယာတွေ ၊ သတင်းသမားတွေအပြင် အာဏာရှင် အစိုးရရဲ့ မျက်စိဒေါင့်ထောက် စောင့်ကြည့်နေတဲ့ ကြားက မြေပြင် မှာ ရှိနေတဲ့ အခြေအနေတွေကို သတင်းဌာနတွေနဲ့ ဆက်သွယ်ပြီး သတင်းအချက်အလက်တွေ ပေးနေတဲ့ အရပ်သား သတင်းရင်းမြစ်တွေရဲ့ အခန်းကဏ္ဌဟာ တကယ်ကို အရေးကြီးလှပါတယ်။

DNA သတင်းဌာန အနေနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသအတွင်းက အများပြည်သူတွေရဲ့ လွတ်လပ် စွာ သတင်းသိပိုင်ခွင့် ၊ လွတ်လပ်စွာ ရေးသားပြော ဆိုခွင့်တွေ အတွက် ဆက်လက်ရပ်တည် တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုပါတယ်။ ဒါ့အပြင် DNA သတင်းဌာန စတင်ထူထောင်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က စပြီး ယနေ့တိုင် သတင်းအချက်အလက်တွေ ဆက် သွယ်ပေးပို့နေတဲ့ သတင်းရင်းမြစ် အပေါင်းကိုလည်း ကျေးဇူး အထူး တင်ရှိပါကြောင်း အလေးအနက် ပြောကြားလိုကြောင်းပါ ခင်ဗျာ။