“လေးမျက်နှာ ရုံးပေါင်းစုံက သုံးလပိုင်းထဲက ရွှေ့လာပြီးပြီ” လို့ ဟင်္သာတမြို့ခံတဦးက DNA ကိုပြောပါတယ်။
၁၉၊ဧပြီ။
ဧရာဝတီတိုင်း၊ဟင်္သာတခရိုင်ထဲက လေးမျက်နှာမြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေပြီး မြို့ပေါ်မှာရှိတဲ့ ဌာနဆိုင်ရာ ရုံးတွေကတော့ ပြီးခဲ့တဲ့ မတ်လ ကတည်းက ခရိုင်မြို့ဖြစ်တဲ့ ဟင်္သာတကိုပြောင်း ရွှေ့ထားပြီးပြီလို့ သိရပါတယ်။
“အစ်မတို့က ဆောက်လုပ်ရေး လမ်းဦးစီးတွေနဲ့ အ ဆက်အသွယ်ရှိတယ်။ သူတို့ ၃ လပိုင်းကတည်းက ပစ္စည်းသိမ်းပြီး ဟင်္သာတကို ပြောင်းလာခဲ့ကြတာ”လို့ပြောပါတယ်။DNA က သီးခြားအတည်ပြုချက် အရ လေးမျက်နှာမြို့က တရားရေးနဲ့ ဥပဒေ ဝန် ထမ်းတွေလည်း ဟင်္သာတခရိုင်တရားရုံးကို ပြောင်း ရွှေ့ခဲ့ကြပြီလို့ သိရပါတယ်။
“ဟုတ်တယ် လေးမျက်နှာ ရုံးပေါင်းစုံက သုံးလပိုင်းကတည်းက ရွှေ့လာပြီးပြီ”လို့ ဟင်္သာတမြို့ခံ တဦးကလည်း DNA ကိုပြောပါတယ်။
လေးမျက်နှာမြို့နယ်ထဲမှာ မတ်လ ပထမပတ် ကစပြီး အာရက္ခတပ်တော်နဲ့ စစ်ကောင်စီအကြား တိုက် ပွဲတွေ ကြိုကြား ဖြစ်ပေါ်ခဲ့ရာကနေ ဧပြီလ ဒုတိယပတ်မှာ ထိတွေ့တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။
အာရက္ခတပ်တော်က ဧရာဝတီတိုင်းအတွင်းက ရ ခိုင်ရိုးမနဲ့ ပုသိမ်-မုံရွာ ကားလမ်းအကြား ကျေးရွာတွေဆီကို စတင်စိုးမိုးမှုတွေ လုပ်ဆောင်ခဲ့ပြီး အခုဆိုရင် လေးမျက်နှာမြို့နဲ့ ၇ မိုင်သာ ကွာဝေးတော့တဲ့ ပန်းတောကြီးကျေးရွာကို ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်း တရက်နေ့မှာ သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။
စစ်ကောင်စီက ပန်းတောကြီးကျေးရွာကနေ ဆီဆုံကုန်းရွာကို တပ်ဆုတ်ပြီး ဧပြီလ ၁၈ ရက်ညက တိုက်ပွဲတွေ ပြင်းထန်ခဲ့ကာ ဒီနေ့မနက်ပိုင်းမှာ စစ် ကောင်စီဟာ လေးမျက်နှာ ငဝန်တံတားကနေ ၁ မိုင်ကျော်သာ ကွာဝေးတော့တဲ့ နင်းကြမ်းကျေးရွာမှာ ခံစစ်ပြင်နေရပြီလို့ သိရပါတယ်။
“ဆီဆုံကုန်းတော့ ကျပြီလို့ ပြောတယ်။ ကွင်းထဲမှာ မြင်းကုန်းရွာက လူတွေ ဓါတ်မီးတွေနဲ့ အုပ်လိုက်ကြီး ပြေးနေရတယ်”လို့ မနေ့ညက ၁၀ နာရီဝန်းကျင်းမှာ ဒေသခံတဦးက DNA ကို ဆက်သွယ် ပြောပါတယ်။ ဒါပေမယ့် ဒီနေ့ မွန်းလွဲပိုင်းအထိ ဆီဆုန်းကုန်းရွာကို အာရက္ခတပ်တွေ သိမ်းပိုက်ထားနိုင်ပြီလားဆိုတာ DNA အနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ဒေသခံ တချို့ကို မေးမြန်းအတည် ပြုရာမှာ ၁၈ ရက်နေ့ မနေ့ည ၁၀ နာရီ ဝန်းကျင်မှာ အာရက္ခတပ်တော်ဟာ ဆီဆုံကုန်းရွာအနီးက မြင်းကုန်းရွာကို တပ်ဖြန့်ပြီး ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီနေ့မနက်ပိုင်း လေးမျက်နှာမြို့ခံတချို့ကို ဆက်သွယ်မေးမြန်းရာမှာ စစ်ကောင်စီ အနေနဲ့လေးမျက် နှာ ငဝန်တံတားအဆင်း မြစ်အနောက်ဘက်ခြမ်းမှာ လက်နက်ကြီး ဆင်ထားပြီး ဘုန်းကြီးကျောင်းတွေထဲမှာ ဝင်ရောက် တပ်စွဲထားတယ်လို့ သိရပါတယ်။
“ကံကုန်းကျောင်းထဲမှာလဲ တချို့အိပ်ကြတယ်။ ဒေါင့်ကွေး ဘုန်းကြီးကျောင်းထဲမှာလဲ စစ်သားတွေ အများကြီး”လို့ ပြောပါတယ်။ လေးမျက်နှာမြို့ ပြည်သူ့ဆေးရုံကိုလည်း ဒဏ်ရာရ စစ်သားတချို့ ရောက်နေတာ တွေ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“မနက်ကဆို pro box နဲ့တင်လာတာတွေ့လိုက်တယ် ကားနောက်တံခါးတောင်မပိတ်ဘူး”လို့ ဆိုပါတယ်။
ဒီနေ့ညနေအထိ ရရှိတဲ့ သတင်းတွေအရ ဒီနေ့ မနက် ၁၁ နာရီ ဝန်းကျင်ခန့်မှာ ပန်းတောကြီးရွာ ဝန်းကျင်ကို Y 12 နဲ့ တခေါက် ညနေ ၄ နာရီခန့်မှာ ဂျက်ဖိုက်တာ ၂ စီးနဲ့ တခေါက် လာပစ်သွားတယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
#လေးမျက်နှာ #အစိုးရရုံး #ပြောင်းရွှေ့ #ဧရာဝတီတိုင်း #DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH