ဧရာဝတီတိုင်းဒေကြီးအိမ်တွင်းစက်မှုလက်မှုဖွံ့ဖြိုးရေးဥပဒေကြမ်းမှာ ဒဏ်ငွေအပြင် လုပ်ငန်းသုံးပစ္စည်းတွေကို နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်နိုင်သည့်အချက်ပါထည့်သွင်း

၂၅ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။

လွှတ်တော်မှာ တင်ပြဆွေးနွေးနေတဲ့ အိမ်တွင်းစက်မှုလက်မှုဖွံ့ဖြိုးရေးဥပဒေကြမ်း နဲ့ပတ်သက်ပြီး ဒဏ်ငွေအပြင် လုပ်ငန်းသုံးပစ္စည်းတွေကို ပါနိုင်ငံဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်သည်ဆိုတဲ့အချက်ကို ဥပဒေပြုရေးကော်မတီက တင်သွင်းခဲ့တာပါ။အဲ့ဒီအချက်နဲ့ပတ်သက်လို့ လုပ်ငန်းအသေးစားတွေအတွက် ထိခိုက်နိုင်ကြောင်းလွှတ်တော်ကိုယ်စားလှယ်အချို့ကကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။

ဥပဒေပြုရေးကော်မတီကတော့ ဒီအချက်ဟာ အရင်တုံးက အလေ့အကျင့်ကောင်းမဟုတ်တာတွေကို ပြောင်းလဲဖို့အတွက် ထည့်သွင်းရတာလို့ဆွေးနွေးပါတယ်။

အခုလိုသဘောထားကွဲလွဲမှုတွေရှိနေတဲ့အတွက် လွှတ်တော်က မဲခွဲဆုံးဖြတ်ရာမှာ နိုင်ငံဘဏ္ဍာအဖြစ်သိမ်းဆည်နိုင်သည်ဆိုသည့်အချက် ထည့်သွင်းမှုကို သဘောတူထောက်ခံသူများတဲ့အတွက် ဥပဒေပြုရေးကော်မတီရဲ့ တင်ပြမှုကိုလွှတ်တော်ကအတည်ပြုကြောင်းဆုံးဖြတ်ခဲ့ပါတယ်။