ဧရာဝတီမြစ်ကြီးကို ထိန်းသိမ်းကြပါစို့

၂၆ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။

မြန်မာနိုင်ငံရဲ့ အရှည်လျှားဆုံး နှင့် အရေးအပါဆုံး ဖြစ်တဲ့ ဧရာဝတီမြစ်ကြီးက ယခုအခါ မှာသဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်စီးလာတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ် ။

လူသားတွေရဲ့ ရှင်သန်ရပ်တည်မှုအရ အားထားမှီခိုနေကြရတဲ့ မြစ်ကြီးတွေဟာလူသားတွေကြောင့်ပဲ ကမ္ဘာမြေပေါ်ကနေ ပျက်သုန်းပျောက်ကွယ်သွားတဲ့ သာဓကတွေလည်း ကမ္ဘာမြေပေါ်ကတချို့သော နေရာဒေသတွေမှာ ရှိနေကြပါတယ် ။

ကျွန်တော်တို့မျိုးဆက်အနေ နှင့် သဘာဝရင်းမြစ်တွေကို အကောင်းဆုံးထိန်းသိမ်းခြင်းအားဖြင့် နောင်လာမယ့် မျိုးဆက်တွေကို လက်ဆင့်ကမ်းအမွေ ပေးနိုင်အောင်ကြိုးစားကြပါစို့လို့ Delta News Agency မှလေးမြတ်စွာ တိုက်တွန်းနှိုးဆော်အပ်ပါသည် ခင်ဗျာ ။

#credit# WWF – Myanmar ထံမှ ခွင့်ပြုချက်ရယူ ကူးယူဖေါ်ပြပါသည် ။