ဂွ-ငါးသိုင်းချောင်းအစပ်မှာ AAပူးပေါင်းတပ်နဲ့ စစ်ကောင်စီတိုက်ပွဲဖြစ်နေ

Photo – AA

ဖေဖော်ဝါရီ ၊ ၁၄

ဧရာဝတီတိုင်း ၊ ရေကြည်မြို့နယ် ၊ မိဿလင်ကျေးရွာအုပ်စုနဲ့ ကုန်းပြင်ကျေးရွာအုပ်စုအပိုင် တွေ ထဲမှာ မနေ့နေ့ လယ်ပိုင်းကစလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ငါးသိုင်း ချောင်း ဒေသခံတဦးက DNAကိုပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့အပိုင် ပဲခူးရိုးမပေါ်မှာ နှစ်ဖက်တိုက်ပွဲဖြစ်နေ တာဖြစ်ပြီးအသေးစိတ်ကိုတော့ မသိရဘူးလို့ သူကဆက်ပြောပါတယ်။

“မြောက်စမ်းအပေါ်ဘက် တောင်သွားတဲ့ဘက်တွေမှာ(တိုက်ပွဲဖြစ်နေတာ)” လို့ အထက်ပါ ငါးသိုင်းချောင်းဒေသခံ ကပြောပါတယ်။

ဒီလိုတိုက်ပွဲဖြစ်လာချိန် ငသိုင်းချောင်း-ဂွ လမ်းပိုင်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်က ပေါ်တာဆွဲနေ တယ် ဆိုတဲ့ သတင်းတွေလည်းဒေသတွင်းမှာထွက်ပေါ်နေတယ်လို့ သူကဆက်ပြောပါတယ်။

ရခိုင်သတင်းဌာနတခုဖြစ်တဲ့ နိရဥ္စရာကတော့ AA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ နေရာ ဟာ  ငါးသိုင်းချောင်းအခြေစိုက် အမြောက်တပ် ၃၄၄ တပ်ရင်းနဲ့ ငါးမိုင်လောက်သာကွာတဲ့ စာဥစမ်းမှာဖြစ်ပြီး စစ် ကောင်စီဘက်က စက်တပ်လေထီးတွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဖော်ပြပါတယ်။

ငါးသိုင်းချောင်းမြို့ကုန်းပြင်ကျေးရွာအုပ်စုအပိုင်မှာတော့ စစ်ကောင်စီရဲ့ အမှတ် ၃၄၄ အမြှောက်တပ်တည်ရှိ တဲ့ အပြင် ဂွမြို့သိမ်းတိုက်ပွဲပြင်းထန်နေချိန်မှာမှ အရေးပေါ်စတင်တည်ဆောက်ခဲ့တဲ့ ဆောက်လက်စ စစ်တပ်သုံး ရဟတ်ယာဉ်ကွင်းအသစ်လည်းရှိပါတယ်။

ဒါ့ပြင် စစ်အရေးအရ အရေးပါတဲ့ ပုသိမ် – မုံရွာကားလမ်းဟာလည်း ကုန်းပြင်ကျေးရွာအုပ်စုအကျော်က ရေနံသာ ကျေးရွာအုပ် စုနဲ့ လက်ပံပင်ကျေးရွာအုပ်စုအပိုင်ထဲမှာ တည်ရှိပါတယ်။မိဿလင်ကျေးရွာအုပ်စုနဲ့ကုန်းပြင် ကျေး ရွာအုပ်စုဟာ ငသိုင်းချောင်း-ဂွ လမ်းပိုင်း အနီးက ကျေးရွာအုပ်စုတွေဖြစ်ပေမယ့် လက်ရှိအချိန်ထိတော့အဲ့ဒီလမ်း ပိုင်းကို ပိတ်ဆို့တာတွေ မရှိသေးဘူးလို့ ငါးသိုင်းချောင်းဒေသခံကပြောပါတယ်။

ဒါပေမယ့်အဲ့ဒီလမ်းပိုင်းမှာ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းကို ကူးသန်းသွားလာနေတဲ့ ကားတွေ သွားလာဖြတ်သန်း မှုတော့ နည်းပါးသွားတယ်လို့လည်း မျက်မြင်အခြေအနေကိုသူကဆက်ပြောပါတယ်။

ငသိုင်းချောင်း _ ဂွ လမ်းပိုင်းဘေးမှာရှိတဲ့ ရေနံသာဂိတ်ဟာ ရခိုင်ပြည်နယ်ကို သယ်ဆောင်မယ့် စက်သုံးဆီနဲ့ စား သောက်ကုန်ကို စိစစ်ပိတ်ပင်နေတဲ့ ဂိတ်လည်း ဖြစ်ပါတယ်။

ဧရာဝတီတိုင်း ၊ ငသိုင်းချောင်းမြို့ပေါ်က ဒေသခံ တွေဟာ ရခိုင်ပြည်နယ် ဂွမြို့ဘက်က လက်နက်ကြီးသံ တွေကို ဖေဖော်ဝါရီလဆန်းပိုင်းကတည်းက စတင်ပြီး ကြားနေခဲ့ရတာပါ။ ဖေဖေဝါရီလ ၁၃ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ ရေကြည်မြို့နယ်ထဲက တိုက်ပွဲအခြေအနေတွေကိုတော့ DNAအနေနဲ့ဆက်လက်စုံစမ်းနေပါတယ်။

အာရက္ခတပ်တော် AA ရဲ့ ဇန်နဝါရီ ၂၇ရက်အထိ စစ်ရေးသတင်းထုတ်ပြန်ချက်တွေအရ ဧရာဝတီတိုင်း ရေကြည် မြို့နယ်အတွင်းက စစ်ကောင်စီစခန်းကုန်းနှစ်ခုကိုတော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ထားနိုင်ပါတယ်။