ပုသိမ်မြို့ မှာ ကျင်းပတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား

၁ ၊ အောက်တိုဘာ ၊ ၂၀၁၈ ။

ဒီကနေ့မှာကျရောက်တဲ့ ၅၄ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမ မှာ ကျင်းပခဲ့ပါတယ် ။ ဒီအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင် နှင့် အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူကြီးတွေ ၊ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ် ။